Friday, August 17, 2007

မီး


ဘာလိုလိုနဲ့ အဖေါ်မပါတကိုယ်တည် လျှောက်လှမ်းခဲ့တာ နှစ်နှစ်ဆို တဲ့ အတိုင်းအတာတခုကို ရောက်ရှိခဲ့ပြီး ငယ်လေးရေ။ ဘ၀ဆိုတဲ့ ပင်လယ်ထဲ နှစ်ဦးအတူ လက်တွဲလျှောက်လှမ်းခဲ့တဲ့ ဘ၀တွေကို ကိုယ် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ကိုယ်မမေ့သလို ငယ်လေးလဲ မေ့နိုင် လိမ့်မယ်လို့  ကိုယ်မထင်ဘူး။ ထမင်းရည်ပူအတူ လျှက်ရလျှက်ရဆိုတဲ့ ခေတ်မဟုတ်တော့ပေမယ့် နှစ်ဦးသာ ထမင်းရည်ပူကို ပျော် ရွှင်စွာနဲ့  လျှက်ခဲ့ဖူတယ်နော်။ အဲ့ဒီအချိန်တုန်းက ငယ်လေးပြောခဲ့တဲ့စကား တွေဟာ ကိုယ်အတွက်တော့ ဘ၀အမောတွေ ပြေစေတဲ့ အားဆေး လေးတခွက်ပါပဲ။ ဗုဒဘာသာဝင် မိဘနှစ်ပါးက မွေးတဲ့လူတယောက် ဖြစ်ပေမယ့် ကံကံ၏အကျိုးကို မေ့ထားခဲ့မိတယ်။ ငယ်လေးပြောတဲ့ စကားတွေပေါ်မှာ သာယာ မိတာလည်း ပါပါတယ်။ ငယ်လေးဘ၀မှာ အားကိုစရာ ဆိုလို့ အမေပြီးရင် ကိုတယောက်တည်း ရှိတယ်ဆိုတာ ကိုလေ။ ကိုယ်တို့ နှစ်ဦး ဘယ်လောက်ပဲ ချစ်ခဲ့ချစ်ခဲ့ ကံကြမ္မာက လမ်းခွဲဖို့ ဖန်လာတော့လည်း ဆူးခင်းလမ်း ထဲမှာ လျှောက်ခဲ့တဲ့ ဘ၀ကို တွေကို သတိမရနိုင်တော့ဘူးမဟုတ်လား။ ကိုယ့်ရဲရင်ခွင်ထဲမှာ ငယ်လေးမှေးစက် တုန်းက အချစ်ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ရမလဲ ဆိုတာကို မစဉ်းစားခဲ့ ပေမယ့် အခုတော့ ကိုယ်အဓိပ္ပါယ် ဖွင့်တတ်ခဲ့ပါပြီးလေ။ ပေးဆပ်ခြင်းလို့ ------------

အခုဆိုရင် မောင့်လပြည့်ဝန် သီချင်းကို ငယ်လေးမကြိုက်ပေမယ့် ကိုတယောက်တည် သီဆိုနေ တတ်ပါပြီလေ

ပြန်မဆုံနိုင်တော့တဲ့ဘ၀မှာ ကိုယ့်ဘက်က တဖက်သတ် စွဲလမ်းနေ ခဲ့တာကတော့ ၀ဋ်ကြွေးတခုလို့ ပဲ သဘောထားလိုက်ပါမယ် ------

2 comments:

မျှားပြာ said...

ကိုကျော်ထက်ကြီး အသဲကွဲနေတာလား
မီးလား ငယ်လားဟင် ..။
ဟတ် ဟတ် ဟတ် ..။

စိုင်းစိုင်း said...

အသဲကွဲတာကို ကုသဖို့...အသဲနောက်တခုအစားထိုးလိုက်..ဒန့်..ဒန့်..