Friday, August 31, 2007

(ဗကသ)ဖွဲ့စည်းခြင်းကို မင်္ဂလာဒုံ စစ်ဖက်ဆေးဘက်တက္ကသိုလ် ကျောင်းသားများက ထောက်ခံ

ယခုလ (၂၈) ရက်နေ့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များ အဖွဲ့ချုပ်ကို ဖွဲ့စည်းကြောင်း လက်ရှိပညာသင်ကြားနေသော ကျောင်းသားများ၏ ကြေညာချက်ကို တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်(မင်္ဂလာဒုံ) ဗိုလ်လောင်း(ကျောင်းသား များ)က ထောက်ခံကြောင်း ကြေညာချက် ထွက်ပေါ်လာသည်။

လက်ရှိ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေသည့် ကျောင်းသားများက ကြုံတွေ့နေရသည့် အကြပ်အတည်းများကို ပြည်သူနှင့်အတူ လက်တွဲဖြေရှင်းရန် အစဉ်အလာကြီးမားသည့် (ဗကသ) ပြန်လည်ဖွဲ့စည်း ကြောင်း ကြေညာခဲ့ပြီး နောက်တနေ့တွင် အဆိုပါကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယခုကြေညာချက်တွင် ပြည်သူလူထုမှ မွေးဖွားလာသည့် ပြည်သူ့သားကောင်းများဖြစ်သည်နှင့် အညီ ပြည်သူအပေါင်း ခံစားနေရသည့် အကြပ်အတည်းများကို ၎င်းတို့အနေဖြင့် ခံစားနေရ ကြောင်း ဖော်ပြထားသည်။
ဆေးဘက်ဆိုင်ရာ ဗိုလ်လောင်းကျောင်းသားများအနေဖြင့် အဆိုပါတက္ကသိုလ်တွင် သူတောင်း စားများပမာ နေထိုင်စားသောက်နေရပြီး ပါမောက္ခချုပ်လင်မယား၏ မတရား လာဘ်စားမှု ပေါင်းစုံနှင့် စစ်ဗျူရိုကရက် အရာရှိဆိုးများ၏ ခေါင်းပုံဖြတ် ဖိနှိပ်ဦးချိုးမှုအမျိုးစုံကို ကိုယ်တွေ့ ခံစားနေရသည့်အတွက် အခြားညီနောင်ကျောင်းသားများအပေါ် နားလည်စာနာမိသည်ဟု ဆိုသည်။
ထို့အတွက် မိဘပြည်သူ ညီနောင်ကျောင်းသားများအတွက် မတရားဖိနှိပ်မှုများကို တိုက်ပွဲဝင် မည့် (ဗကသ)အဖွဲ့ချုပ် ဖွဲ့စည်းမှုကို ကြိုဆိုထောက်ခံကြောင်း ယမန်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ သည်။


ရိုးမ ၃။ သြဂုတ် ၃၀၊ ၂၀၀၇

Wednesday, August 29, 2007



လောင်စာဆီဖူလုံရေး၊ ကုန်ဈေးနှုန်းကျဆင်ရေး၊ လူထုလှုပ်ရျားမှုတိုက်ပွဲကို ပူးပေါင်းပါဝင်ဆင်နွဲကြ

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံမှ အလုပ်သမားများသည် ကျောင်းသား၊ တောင်သူ လယ်သမား ရဟန်းရှင်လူ၊ ပြည်သူလူထုကြီးတရပ်လုံးနှင့်အတူ ခေတ်အဆက်ဆက် ရှေ့ တန်းမှ ရဲဝံ့တက်ကြွစွာ ပါဝင်ခဲ့ကြသည်။ အထူးသဖြင့် ၁၉၇၄ ခုနှစ် ဇွန်လနှစ်ပါတ်လည် အရေးတော်ပုံများတွင် စစ်အာဏာရှင်တို့ ၏ ရက်စက်ကြမ်းကြုတ်မှုများကို သတ္တိရှိရှိရင်ဆိုင်ကာ အသက်သွေးများပေဆပ်၍ တိုက် ပွဲဝင်ခဲ့ကြသည်။ ( ၈၈၈၈) အရေးတော်ပုံကြီးတွင်မူ အလုပ်သမားထုတရပ်လုံးသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် ၊ အလုပ်သမားသမဂ္ဂများ ဖွဲ့ စည်းတည်ထောင်ကာ စစ်အာဏာရှင်စနစ်ကို ကျောင်းသားများ၏ ရှေ့ ဆောင်မှုနှင့်အတူ ပြည်သူလူထုနှင့် လက်တွဲ တိုက်ပွဲဝင်ခဲ့ပြပါသည်။ အကျိုးဆက် အားဖြင့် အစိုရယန္တယာ တခုလုံး ရပ်ဆိုင်းသွားပြီး ဦးနေ၀င်း၏ စစ်အာဏာရှင် မဆလအစိုးရကို ဖြုတ်ချနိုင် ခဲ့သည်။
၂၀၀၇ ခုနှစ် သြဂုတ်လ (၁၅) ရက်နေ့ က နအဖ၏လောင်စာဆီးနှင့် ဓါတ်ငွေ့ ဈေးနှုန်းကို အဆများ စွာ တိုးမြှင့်သတ်မှတ်မှုကြောင့် ကျွန်ုပ်တို့  အလုပ်သမားထုကြီးအပါအ၀င် ပြည်သူလူထုတရပ်လုံး အတိဒုက ရောက်လျှက် အငတ်ဘေးကြီး နှင့် ရင်ဆိုင်နေကြရပြီးဖြစ်သည်။ ထို့ ကြောင့် ရှစ်လေးလုံးအရေးတော်ပုံ တိုက်ပွဲဝင်ကာလ ကျွန်ုပ်တို့ ၏ လက်တွဲဖေါ်ညီနောင် (၈၈) မျိုးဆက်ကျောင်းသားများက ဦးဆောင်လျှက် ပြည်သူလူထုနှင့် အတူ စစ်အဏာရှင်တို့ ကို စတင်စိန်ခေါ်တိုက်ပွဲဝင်နေပြီဖြစ်သည်၊ အာဏာရှင်တို့ က ပြညသူလူထုအမည်ခံ ကြေးစစားလူဆိုးလူမိုက်များကို အသုံးချလျှက် ရက်စက်ယုတ်မာသောနည်းများဖြင့် လူထုတိုက်ပွဲကို ဖြိုခွဲနေသည်။
ယခုအချိန်သည် လက်နက်အားကိုး ဗိုလ်ကျရမ်းကားနေသော စစ်ဏာရှင်တို့ ကို ရင်ဆိုင်ရန် ကျွန်ုပ်တို့  အလုပ်သမားထုကြီးတရပ်လုံး သွေးစည်းညီညွတ်ကြရမည့် အရေအကြီးဆုံးအချိန်ဖြစ်သည်။ စစ်အာဏာရှင်တို့ ၏ ယန္တယာကြီးကို ရှစ်လေးလုံးအရေးတော်ပုံစိတ်ဓါတ်မျိုးဖြင့် ဆုံးဖြတ်ချက် ခိုင်မာစွာ ချ၍ တညီတညွတ်တည်း ရိုက်ချိုးရန် အချိန်ကျရောက်ပြီဖြစ်သည်။ အဆိုပါ အခွင့်အခါကောင်းကို ကျွန်ုပ်တို့  အလုပ်သမားထုတရပ်လုံးက အမိအရ ဆုပ်ကိုင်အသုံးချလျှက် စစ်အာဏာရှင်စနစ်ဆိုးကို ရဟန်ရှင်လူ၊ ကျောင်းသား၊ ပြည်သူခပ်သိမ်းနှင့်အတူ တညီတညွတ်တည်း အမြစ်က တွန်းလှန်ကြပါစို့ ။

ယခုအချိန်မှ စ၍ အကြမ်းမဖက် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေသော အရှိန်အဟုန်ကို မြှင်တင်းရန် လာမည့် သောကြာ နေ့  (၃၁၊ ၈၊ ၀၇) မှ စတင်၍ တနိုင်ငံလုံးရှိ ကျွန်ုပ်တို့ ၏ ရုံး။ စက်ရုံ။ အလုပ်ရုံ။ ဌာနဆိုင် ရာ လုပ်ငန်ခွင်မျာားသို့  အလုပ်လုပ်ရန် ၀င်ရောက်ခြင်းမပြုတော့ပဲ အောက်ပါအတိုင်း တောင်းဆို တိုက်ပွဲဝင်သွားကြမည်ဖြစ်သည်။ သက်ဆိုင်ရာ အာဏာပိုင်တို့ အနေဖြင့် ပြည်သူလူထု စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေး အထွေထွေ သက်သာချောင်ချိမှုကို ရှေးရှုလျှက် လောင်စာဆီးဈေးနှုန်း များကို မူလသတ်မှတ်သည့် ဈေးနှုန်းသို့  ချက်ချင်းပြန်လည် ပြင်ဆင်သတ်မှတ်ပေးရန် အထူးတောင်းဆို လိုက်သည်။
အကယ်၍ ဈေးနှုန်းပြန်လည်ပြင်ဆင် သတ်မှတ်ပေးခြင်းမရှိပါက၊ တောင်ဆိုချက်မရမချင်း တိုက်ပွဲဝင်ကျောင်းသား၊ ရဟန်းရှင်လူ ပြည်သူလူထုတရပ်လုံးနှင့်အတူ လောင်စာဆီဖူလုံရေးနှင့် ကုန်ဈေး နှုန်းကျဆင်ရေး လူထုလှုပ်ရှားမှု လမ်းလျှောက်ပွဲကို ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့  နှင့် မြန်မာနိုင်ငံ ဖွဲ့ ဖြိုး တိုးတက်ရေးလိုလားသူများအဖွဲ့  တို့ နှင့် ပူးပေါင်းကာ လက်တွဲညီိညီ အလုပ်မတက်ရေးတိုက်ပွဲကို တက်တက် ကြွကြွ ဆက်လက်ဆင်နွဲသွားမည် ဖြစ်ကြောင် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ ချုပ် (ABWU) မှ အသိပေးနှိုးဆော်လျှက် လေးနက်စွာ ကြေငြာလိုက်သည်။


ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ ချုပ်
၂၀၀၇ ခုနှစ် သြဂုတ်လ (၂၇) ရက်
ရန်ကုန်မြို့ 

Sunday, August 26, 2007

ညီလာခံနှင့် ဆီဈေ:

မြန်မာနိုင်ငံဟာ အခုချိန်မှာ နိုင်ငံရေးအကြပ်အတည်းတခုထဲကို ရောက်နေပြီး ဖြစ်တယ်။ စစ်အစိုးရဟာ လက်ရှိ နောက်ဆုံးအချိန်ကျင်းပနေတဲ့ အမျိုးသားညီလာခံကို အပြီးသတ်နိုင်ဖို့ အတွက် ကြိုးစားနေပါတယ်။ ညီလာခံ ပြီးတာနှင့်တပြိုင်တည် စစ်အစိုးရအနေနဲ့  ညီလာခံက ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြည်သူ ရှေ့  မှောက်ကို ချပြရပြီး ပြည်သူဆန္ဒခံယူပွဲကို ကျင်းပရမှာ ဖြစ်ပါတယ်။
ကျနော့်အမြင်ကို ပြောရရင် စစ်အစိုးရဟာ ညီလာခံကို နောက်ဆုံးအပြီးသတ်လုပ်ဆောင်မယ်လို့  နိုင်ငံတကာကို ကြေငြာခဲ့ပြီးနောက်မှာ ထိုညီလာခံကို ပြီးအောင်လုပ်ဖိုအတွက် ၀န်မလေးနေပါတယ်။ ၄င်းထက် ညီလာခံပြီ့း ပြည်သူဆန္ဒကို ခံယူဖို့ အတွက် ၀န်လေးနေပါတယ်။ တကယ်တမ်း ပြည်သူ့  ဆန္ဒခံယူပွဲမှာ ပြည်သူလက်ခံနိုင်ပါ့မလားဆိုတဲ့ အချက်ကို စစ်အစိုးရ အနေနဲ့  ၀န်လေးနေပုံရပါတယ်။ နောက်တချက်က ပြည်သူ့ ဆန္ဒခံယူပွဲမှာ သူတို့ ဖွဲ့ စည်းထားတဲ့ ကြွံခိုင်ရေးအသင်း အောက်ခြေအဖွဲ့  ၀င်တွေနဲ့  အတိုက်ခံအင်အားစုတွေ ပူးပေါင်းသွားမလားဆိုတဲ့ သံသယတွေ ရှိနေပုံရပါတယ်။ တကယ် တမ်း သူတို့ ဖွဲ့ စည်းထားတဲ့ ကြံ့ခိုင်ရေးအဖွဲ့ ဆိုတာကလည်း အင်းအားဘယ်လောက်ပဲ တောင့်တင်း တယ်ပြောပြော လက်ရှိဖြစ်ပေါ်နေတဲ့ စိးပွားရေးအကြပ်အတည်းထဲမှာ ခံစားနေရတဲ့ ပြည်သူတွေ ပဲဖြစ်တယ် ဆိုတာကို သိနေပါတယ်။ စစ်အစိုးရအနေနဲ့  အတိုက်ခံအင်းအားစု (NlD ။ ကျောင်းသား။ ) နဲ့  ပြည်သူတွေ ပူးပေါင်းသွားမှာကို အကြောက်ဆုံးပါ။ အတိုက်ခံအင်းအားစု နဲ့ ပြည်သူပူးပေါင်းသွားတာနဲ့အမျှ ၄င်းတို့ ဖွဲ့  စည်းထားတဲ့ ကြွံခိုင်ရေးအဖွဲ့ ကလည်း ပူးပေါင်းလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ တွေ လည်း လက်ရှိစီးပွားရေးအကျပ်အတည်း အောက်မှာ ခံစားနေရတဲ့ ပြည်သူတွေ ဖြစ်နေလိုပါပဲ။ ထို့ ကြောင့် အကြောင်းမရှိအကြောင်းရှားပြီး ပြည်သူကို အသိပေးခြင်းမရှိပဲ ဆီးဈေးတွေကို ၅ဆအထိ မြှင့်တက် လိုက်ချင်းပဲ ဖြစ်ပါတယ်။ ဆီဈေးတွေ မြှင့်တက်လိုက်တာနဲ့ အမျှ အတိုက်ခံတွေဖက်က လှုပ်လှုပ်ရှားရှား ဖြစ်လာနိုင်တယ်ဆိုတာကို စစ်အစိုးရအနေနဲ့  ကြိုတင်တွက်ဆထားပြီးထားပါ၊ ဘာကြောင့်လဲဆိုတော့ ဆီဈေးတွေ မတက်ခင် တပါတ်လောက်အလိုမှာ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်ဘက်အခြမ်းမှာ စစ်တပ်တွေ အခိုင်အမာ နေရာယူထားတာကို တွေ့ ရပါတယ်၊ ပြည်တွင်းမှာ တခုခုဖြစ်ရင် နယ်စပ်က အဖွဲ့ အစည်းတွေ ပြည်တွင်းထဲကို ၀င်းမလာနိုင်အောင် ဟန့်တာဖို့ အတွက်ပြင်ဆင်ထားတာပါ။
စစ်အစိုးရအနေနဲ့ အမျိုးသားညီးလာခံပြီးတာနဲ့ အမျှ အတိုက်ခံအင်အားစုက လက်ခံသည် ဖြစ်စေ မခံသည် ဖြစ်စေ ဖွဲ့ စည်းပုံ အခြေခံဥပဒေအတိုင်း ဆက်လက်အုပ်ချုပ်သွားရမှာ ဖြစ်ပါတယ်၊။ ဒီမိုကရေစီ နည်းလမ်းတွေနဲ့ပေါ့ ။ အဲ့ဒီအချိန်မှာ ယခုလိုမျိုး တနိုင်ငံလုံးအတိုင်းအတာတခုအထိ စစ်တပ်က စိုးမိုးးရှယ် လှယ်ခွင့် ရတော့မှာ မဟုတ်ဘူး။ ဒါကြောင့် နှစ်ပေါင်း ၄၅ နှစ်လုံးလုံး အာရှင်စနစ်နဲ့ အုပ်ချုပ်လားခဲ့တဲ့ သူ တွေအတွက်ကတော့ ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စပါ။ စစ်အစိုးရအနေနဲ့  အမျိုးသားရေးအကျိုးထက် ၄င်းတို့  ရဲ့ အမျိုးအကျိုးကိုသား ကြည့်တဲ့အတွက်ဖြစ်ပါတယ်။ ညီလာခံအပြီး ပြည်သူ့ ဆန္ဒခံယူပွဲ ပြီးနောက် ပိုင်းမှာ ၄င်းတို့  ချုပ်ကိုင်ထားတဲ့ နေရာတော်တော်များများကို လက်လွတ်ရမှာ ကြောက်တဲ့အတွက်ရယ် ၊ ဖွဲ့ စည်းပုံအခြေခံဥပဒေအတိုင်း စစ်တပ်က ၂၅ ရာခိုင်နှုန်းသာ ပါတော့မယ့်အတွက်ကြောင့် စစ်တပ်အခန်း ကဏ္ဍ လျော့ နည်းသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ၄င်းတို့ ကျင်းပနေတဲ့ ညီလာခံကို အပြီးသတ်ချင်မှာ မဟုတ်ပါဘူး။ ထို့အတွက်ကြောင့် အကြောင်းမရှိအကြောင်းရှာပြီး ဆီဈေးတွေကို တက်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဆီဈေးတွေ တက်လိုက်တာနဲ့  တပြိုင်တည် အတိုက်ခံအင်းအာစုနဲ့  ပြည်သူတွေက လှုပ်လှုပ်ရှားရှား ဖြစ်လားမယ်။ ဒါကိုအကြောင်းပြပြီးတော့ လက်ရှိညီလာခံကို ရပ်ဆိုင်လိုက်ချင်တာလည်း ဖြစ်နိုင်ပါတယ်။ တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အတွက်ကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။
အထပ်ပါအချက် နှစ်ချက်ကို ကြည့်ချင်းအားဖြင့် စစ်အစိုးရလုပ်ရပ်တွေဟာ ဘာလည်းဆိုတာ ကိုတော့ လယ်ပြင်မှာ ဆင်သွားသလို ရှင်းရှင်းကြီး သိနိုင်ပါတယ်၊။
ယခုအချိန်အထိ ပြည်တွင်းမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်ဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီိး နှင့် ကိုထင်ကျော်တို့ကို ဖမ်းဆီးလိုက်ပြီးတဲ့အထိ ပြည်တွင်မှာ ဆက်လက်မငြိမ်းမသက် ဖြစ်နေဆဲပါ ။ ယခုအချိန်အထိ ပြည်သူတွေကိုယ်တိုင် မပါဝင်သေးတာကတော့ အတိုက်ခံတွေဘက်လည်း မသိနိုင်သလို၊ စစ်အစိုးရဖက်ကလည်း တထစ်ချ ယုံကြည်ဦးမှာတော့ မဟုတ်ပါဘူး။ ၈၈လို နောက်တကြိမ်း ထပ်ဖြစ်ဦးမှာလားဆိုတာကတော့--------

Wednesday, August 22, 2007

Sunday, August 19, 2007

ဘာကြောင့်ခုထိမချမ်းသာသေးတာလဲ

ဒီနေ့ တနေ့ လုံး အလုပ်အားလပ် ရက်ဖြစ်နေ တာနဲ့  မဖတ်ဖြစ်တာကြာပြီးဖြစ်တဲ့ စာအုပ်ပုံ အဟောင်း ထဲမှာ ကျနော်နှစ်မြုတ်နေခဲ့တယ်။ ဟိုစာအုပ်ဖတ်ရ ကောင်းနိုး နိုး ဒီစာအုပ်ဖတ်ရ ကောင်းနိုးနိုးနဲ့  နောက်ဆုံး တော့ ဖေမြင့်ရဲ့  ဘာကြောင့်ခုထိမချမ်းသားသေးတာလဲ ဆိုတဲ့ စာအုပ်ကို ဖတ်ဖြစ်သွားတယ်။ မူရင်းစာအုပ်ကို ရေးသူ ကတော့ ကနေဒါနိုင်ငံသားစာရေးဆရာ သန်းကြွယ်သူဌေးတဦးဖြစ်သူ Mark Fisherက ရေးထားတာဖြစ်တယ်။ ဆရာဖေမြင့်ရဲ့  ဘာသာပြန်အရေးအသားက ကောင်းတော့ ပြီးတဲ့အထိ ဆက်ဖတ်ဖြစ်တယ်။ ဖတ်ခဲ့ဖူးတဲ့ ကြီးပွါးရေး စာအုပ်တွေထဲမှာတော့ ကျနော်အကြိုက်ဆုံး စာအုပ်တအုပ်ပါပဲ။

ဒါပေမယ့် စာအုပ်ဖတ်ပြီးလို့  TV ထိုင်ကြည့်နေတုန်းမှာပဲ ခေါင်းထဲကို အတွေးတခုက ၀င်လာခဲ့ တယ်။ တက်ကျမ်းတွေ ကြီးပွားရေး စာအုပ်တွေ မြန်မာပြည်မှာ အများကြီးထုတ်ထားတာတွေကို တွေ့ ရ တယ်။ ဒါတွေအားလုံးဟာ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ အသုံးဝင်နိုင်ပါ့မလာ။ အမေရိကန်လို နိုင်ငံမျိုးမှာက တော့ ကြီးပွားရေစာအုပ်ဟာ အသုံးဝင်ကောင်းဝင်ပေမယ့် ၊ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ အသုံးဝင်ပါ့မလား၊။ လားပေါင်မြှောက်များစွာနဲ့  အချိန်တွေကုန်နေမိတယ်၊။ ကျနော့်အမြင်ကို ပြောရရင်တော့ လူတယောက်ချမ်း သာဖို့ အတွက်ဆိုရင် ကျိုးစားအားထုပ်မှုတခုတည်းကို အခြေခံလို့  မရဘူးလို့ ပဲမြင်မိပါတယ်။ လူတယေက် ဟာ ချမ်းသာချင်လို့  ဘယ်လောက်ပဲ ကျိုးစာကျိုးစား သူနေတဲ့ တိုင်းပြည်ရဲ့  နိုင်ငံရေးစနစ်၊ စီးပွားရေး ( တဦးချင်း ၀င်ငွေ နှင့် ကုန်ကျမှုစရိတ်) နှင့် လူငယ်တွေရဲ့  ဦးဆောင်မှု ကဏ္ဍက အရေကြီးတယ် လို့  ကျ နော်ထင်ပါတယ် ။ ယခုလို အာဏာရှင်စနစ်အောက်မှာ လူတဦးရဲ့  ၀င်ငွေ၊ ထွက်ငွေ မမျှတမှု ၊ အလုပ်အ ကိုင်ရှားပါးမှု ၊ အဏာရှင်အသိုင်းအ၀ိုင်း နဲ့  နီးစပ်သူများ၊ လပ်ထိုးနိုင်သူများသာ အလုပ်လုပ်နေတဲ့ ခေတ်ထဲ မှာတော့ ကြီးပွားရေးစာအုပ်တွေဖတ်ပြီး ချမ်းသာဖို့ အတွက် ကျနော်တို့ လို လူငယ်တွေ အတွက်ကတော့ စဉ်းစားကာ နေရဦးမယ်ဆိုတဲ့ အထဲကပါပဲ။

ယနေ့ ကျနော်တို့ နိုင်ငံရဲ့  အခြေအနေကို ပြန်ကြည့်မိတာလည်းပါပါတယ်။ ၆၂ ခု ဗိုလ်ချုပ်နေ၀င်: အာဏာသိမ်းပြီး နောက်ပိုင်း အခြေအနေ။ ၁၉၈၈ ခုနှစ် အရေအခင်းပြီး နောက်ပိုင်း ယနေ့ ၁၉ နှစ်တာ စစ်တပ်က အာဏာသိမ်းပြီးနောက် လက်ရှိအခြေအနေ ။ ၆၂ ခု နှစ် မှ ၂၀၀၇ ခုနှစ် အာဏာာသိမ်းပြီးတဲ့ နောက်ပိုင်း အထိ တိုင်းပြည်အတွင်း ဖြစ်ပျက် ခဲ့တဲ့ အရာတွေအားလုံးဟာ ဘာတခုမှ အားရစရာမရှိပါဘူး။ ၆၂ ခုနှစ် ၈၈ ခုနှစ်အတွင်း ငွေးဖျက်သိမ်းမှုလုပ်ခဲ့ခြင်း။ ငွေးကြေး မတည်ငြိမ်ခြင်း၊ တိုင်းပြည်တပြည်ကို ဦးဆောင် မောင်းနှင်းဖို့ အတွက် ပညာတတ်လူငယ် များ(အသက် ၂၀ နှင့် ၄၀ ကြာ) နိုင်ငံပြင်ပတွင် ရောက်ရှိနေခြင်း (ဦး နှောက်ယိုစီမှု့) အပြင် ၊အာဏာရှင်စနစ်၏ ထုံးစံဓလေ့  အတိုင် ၄င်းတို့ နှင့် ပါတ်သက်သည့် အသိုင်းအ၀ိုင်ကသာ လုပ်ပိုင်ခွင့်များ ရရှိနေခြင်းတွေဟာ တိုင်းပြည် တခုကိုဖွံ့ ဖြိုးတိုး တက်မှုမရှိစေပဲ ဆုတ်ယုတ်မှုကိုသာ ဖြစ်ပေါ်စေတယ်ဆိုတာကို လက်ရှိအာဏာရှင်အစိုးရ ကိုယ်တိုင် လည်းသိပါတယ်။ ယနေ့  အစိုးရ၀န်ကြီးတွေ နိုင်ငံအပြင်ဖက်ကို ထွက်လိုက်တိုင်းမှာ (မြန်မာနိုင်ငံအတွင်းရှိ သတင်းစာမှာကတော့ နှစ်နိုင်ငံဆက်ဆံရေးအတွက် သွားရောက်လည်ပတ်ခြင်း) ဆိုပေမယ့် အပြန်မှာကတော့ ဘယ်နိုင်ငံက ငွေဘယ်လောက်ချေး တယ်ဆိုတဲ့ သတင်းက ထွက်ပေါ်လာ စမြဲပါ။ ကျနော့်အမြင်ကို ပြောရရင်တော့ ပြည်သူလူထုဖွံ့ ဖြိုးရေ အတွက် ဘာတခုမှမလုပ်ပဲ၊ လမ်းဖေါက် တံတား ဆောက်တာနဲ့ တော့ အခြားတိုင်းပြည်က ငွေကြေးကို ချေးငှားစရာလိုပါဘူး။ တိုင်းပြည်ထွက် သယံဇာတများ ရောင်းချတဲ့ငွေး တွေနဲ့ တင် အဲ့ဒီလောက်ကို လုပ်လို့ ရပါတယ်။ ပြည်သူ့ ဘဏ္ဍာာကို အလွဲသုံ စာမလုပ်ဘူး။ စစ်တပ်အတွက် အသုံးစရိတ်တွေကို လျှော့ချမယ်ဆိုရင်ပေါ့ဗျာ။

တိုင်းပြည်ကို အုပ်ချုပ်တဲ့ သူတွေ အသုံးမကျမှုတွေကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့အလည် မပြောနဲ့  အရှေ့  တောင်အာရှမှာတောင် ဘယ်လောက် မျက်နှာ ငယ်ရသလဲ ဆိုတာကို နိုင်ငံခြားတိုင်းပြည် တွေမှာ အလုပ် လုပ်နေရတဲ့ ကျနော်တို့ မြန်မာလူမျိုးတိုင် သိကြ ပါတယ်။

Friday, August 17, 2007

မီး


ဘာလိုလိုနဲ့ အဖေါ်မပါတကိုယ်တည် လျှောက်လှမ်းခဲ့တာ နှစ်နှစ်ဆို တဲ့ အတိုင်းအတာတခုကို ရောက်ရှိခဲ့ပြီး ငယ်လေးရေ။ ဘ၀ဆိုတဲ့ ပင်လယ်ထဲ နှစ်ဦးအတူ လက်တွဲလျှောက်လှမ်းခဲ့တဲ့ ဘ၀တွေကို ကိုယ် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ကိုယ်မမေ့သလို ငယ်လေးလဲ မေ့နိုင် လိမ့်မယ်လို့  ကိုယ်မထင်ဘူး။ ထမင်းရည်ပူအတူ လျှက်ရလျှက်ရဆိုတဲ့ ခေတ်မဟုတ်တော့ပေမယ့် နှစ်ဦးသာ ထမင်းရည်ပူကို ပျော် ရွှင်စွာနဲ့  လျှက်ခဲ့ဖူတယ်နော်။ အဲ့ဒီအချိန်တုန်းက ငယ်လေးပြောခဲ့တဲ့စကား တွေဟာ ကိုယ်အတွက်တော့ ဘ၀အမောတွေ ပြေစေတဲ့ အားဆေး လေးတခွက်ပါပဲ။ ဗုဒဘာသာဝင် မိဘနှစ်ပါးက မွေးတဲ့လူတယောက် ဖြစ်ပေမယ့် ကံကံ၏အကျိုးကို မေ့ထားခဲ့မိတယ်။ ငယ်လေးပြောတဲ့ စကားတွေပေါ်မှာ သာယာ မိတာလည်း ပါပါတယ်။ ငယ်လေးဘ၀မှာ အားကိုစရာ ဆိုလို့ အမေပြီးရင် ကိုတယောက်တည်း ရှိတယ်ဆိုတာ ကိုလေ။ ကိုယ်တို့ နှစ်ဦး ဘယ်လောက်ပဲ ချစ်ခဲ့ချစ်ခဲ့ ကံကြမ္မာက လမ်းခွဲဖို့ ဖန်လာတော့လည်း ဆူးခင်းလမ်း ထဲမှာ လျှောက်ခဲ့တဲ့ ဘ၀ကို တွေကို သတိမရနိုင်တော့ဘူးမဟုတ်လား။ ကိုယ့်ရဲရင်ခွင်ထဲမှာ ငယ်လေးမှေးစက် တုန်းက အချစ်ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ရမလဲ ဆိုတာကို မစဉ်းစားခဲ့ ပေမယ့် အခုတော့ ကိုယ်အဓိပ္ပါယ် ဖွင့်တတ်ခဲ့ပါပြီးလေ။ ပေးဆပ်ခြင်းလို့ ------------

အခုဆိုရင် မောင့်လပြည့်ဝန် သီချင်းကို ငယ်လေးမကြိုက်ပေမယ့် ကိုတယောက်တည် သီဆိုနေ တတ်ပါပြီလေ

ပြန်မဆုံနိုင်တော့တဲ့ဘ၀မှာ ကိုယ့်ဘက်က တဖက်သတ် စွဲလမ်းနေ ခဲ့တာကတော့ ၀ဋ်ကြွေးတခုလို့ ပဲ သဘောထားလိုက်ပါမယ် ------

Sunday, August 12, 2007

sushi

ကျနော့် Blog ကို လာလည်တဲ့ သူငယ်ချင်းတွေ ဗိုက်ဆာနေမှာ စိုးလို့  ဂျပန်အစားအသောက်တခု ဖြစ်တဲ့ sushi လေနဲ့  ဧည့်ခံလိုက်တယ်နော်








Saturday, August 11, 2007

နွံ

ငယ်လေးရေ---------------
အချစ်ဆိုတာ နွံတခုမှန်း
ဝေးကွာသွားတဲ့အချိန်မှာ
သိခဲ့ရပြီကွယ်
မေ့ပစ်ဖို့ ကြိုးစားရင်းက
သတိရတဲ့ အချိန်တွေ ပိုများလာခဲ့တယ်။ ။

မတူညီတဲ့ အစွန်နှစ်ဖက်ကို
တေ့ဆက် ဆက်လိုက်ဖို့ လည်း
အကြိမ်ကြိမ် ကျိုးစားခဲ့ဘူးတယ်။ ။

ဘ၀နဲ့  ဆနကို
တထပ်တည်း ကျဖို့  ကြိုးစားရင်းနဲ့ 
မတည်မြဲတဲ့ လောကဓံတရားကို
မေ့ထားခဲ့မိတယ်။ ။

ငယ်လေးရေ---------
ဖြစ်လေရာဘ၀မှာလေ
ခံစားချက်မဲ့တဲ့ နှလုံးသားကို ပိုင်းဆိုင်ရပါစေလိုဏ္ဍ
ဆုတောင်းလိုက်ချင်တယ်
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ပေါ့။ ။

Friday, August 10, 2007

သံယောဇဉ်

သံယောဇဉ်

ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို ဦးစားမပေခဲ့မိလို့ 
လှည့်စားခံခဲ့ရတယ်
သင်ခန်းစာ တခုလို့  မှတ်ယူရမလား၊၊ ၊၊

ချစ်တတ်အောင် သင်ပေးခဲ့ပေမဲ့
မင်းက
မုန်းတတ် မေ့တတ်အောင် သင်မပေးခဲ့ဘူးနော်

ဒီလိုနဲ့ 
ညတွေဟာ Diary နဲ့ ပဲ
ကုန်ဆုံးခဲ့တာ
ကြာခဲ့ပါပြီလေ၊ ၊

မုန်းတတ်မေ့တတ်အောင်
ကိုယ့်ကိုကို ကြိုစားနေရင်
ခုဆို
အိမ်မက်က လန့်နိုးရင်တောင်
ပြန်အိပ်လို့  ရနေခဲ့ပါပြီး

ဒါပေမယ့်
မျော်လင့်ချက်မဲ့သူ တယောက်အတွက်
ညတွေကတော့
မှောင်နေဆဲပါပဲ