Saturday, March 1, 2008

အထီးကျန်အတွေး

နယူယောက်မြို့ ရဲ့ ညနေခင်းတိုင်းဟာ

ရေမရှိတဲ့ ခွက်လိုပဲ

ငါ့အတွက်တော့

အထီးကျန် ဆန်လွန်းပါတယ်ကွာ။


ချစ်သူရေ

မီးရောင်စုံတွေ ထွန်းထားတဲ့

ဟော့ဒီမြို့ ကြီးထဲမှာ

ငါ့ဦးနှောက်ကို --------ငါ

မီးထွန်းဖို့ မေ့နေခဲ့တယ်

ငါ့မနက်ဖြန်တိုင်းကိုလည်း

မျှော်လင့်ဖို့ မေ့နေခဲ့တယ်။


အို ----- ဘုရားသခင်

သင်၏ ကြင်နာတတ်သေား နှလုံးသားဖြင့်

ကိုယ့်နံရိုးကို ကိုယ်ပြန်တမ်းတနေတဲ့ဘ၀က

ကျွ န်ုပ်အား

လွတ်မြောက်ခွင့်ပေးလှည့်ပါ။