Saturday, December 13, 2008

ခရစ်စမတ်တောင် ရောက်တော့မယ် ဖေဖေ

ဖေဖေ

ခရစ်စမတ်တောင် ရောက်တော့မယ်

ထင်ရူးပင်တွေထိပ်က

အိမ်ခေါင်မိုးတွေထိပ်က

အရာရာ မြင်သမျှတွေက နှင်းတွေ အတိနဲ့ ပေါ့

စန်တာကလော့အရုပ်ကြီးကလည်း လှမှလှ


ဖေဖေ

ကျန်မာရေးရော ကောင်းရဲ့ လား

တနှစ်ပြီးတနှစ်နဲ့ 

နှင်းတွေတောင်မှ ကိုးနှစ် ကြပြီးသွားပြီ

စန်တာကလော့ကတောင် မေးနေသေးတယ်

သားတို့ အိမ်က ခရစ်စမတ်သစ်ပင်ထိပ်က

ကြယ်အကြီးကြီးကို မတတ်သေးဘူးလားတဲ့


ဖေဖေ

မေမေကပြောတယ်

တိုင်းပြည်ကို ချစ်မိမှတော့တဲ့

ဟုတ်ပါတယ်လေ------------
တိုင်းပြည်ကို ချစ်ခဲ့မိတာကို


ဖေဖေ

ဒီတနှစ်တော့

စန်တာကလော့ဆီမှာ

သား-----------

ခရစ်စမတ်လက်ဆောင်တောင်းထားတယ်

ကြယ်အကြီးကြီးကို တတ်ရအောင်လို့ လေ

Sunday, December 7, 2008

အပြစ်သား

ငယ်စဉ်ကတည်းက

သောကကို ရင်မှာပိုက်

မှောင်မိုက်တဲ့ ညတွေထဲ ကူးခတ်ခဲ့ရပေါ့



သနားပါတယ်တဲ့

လူတွေက ပြောတယ်

ကြင်နားတဲ့ အသံနည်းနည်းနဲ့ 

သူတို့ မျက်လုံးတွေထဲမှာတော့

ရွံ့ရှာတဲ့ အကြည့်တွေ

ငါတို့ တွေ ကိုလား--------------

ငါတို့ မိဘတွေကိုလား-----------------



အဖေ့ကိုလည်း အပြစ်မတင်ချင်တော့ပါဘူး

အမေ့ကိုလည်း သနားတာပဲသိတယ်

အဖေက အမေ့ကို ခေါ်သွားလို့ လေ

ငါ့ကိုယ် ကြတော့

ဒါဏ်ရာတွေ အပြည့်နဲ့ 

သူတို့ ထားခဲ့ကြ--------------။



ငါ့ဘေးနားမှာ သားချော့တေးတွေဆိုပြနေတာ

ငါ့အမေမှ မဟုတ်တာ

ငါ့ဘေးနား အကြင်နာ အပြည့်နဲ့  အားပေးနေတာ

ငါ့အဖေမှ မဟုတ်တာ

မွေးကတည်းက သေးမိန့် ချခံရတဲ့--------- ငါ

အမေ့အနမ်းလေး တချက်လောက်တော့ လိုခြင်သေးတယ်

မဖြစ်နိုင်တော့ပါဘူးလေး



ရက်ကိုလစား လကို နှစ်ကစားနဲ့ 

ကုန်သွားတဲ့ အချိန်တွေထဲ

လူတွေက လူတွေကို ပြန်စားတဲ့အထဲ

ငါတို့ တွေခံခဲ့ရ



အဖေလည်း အမေ့ကို ချစ်ခဲ့မှာပါ

အမေလည်း အဖေ့ကို ချစ်ခဲ့မှာပါ

အင်------

သူတို့ လည်း ငါ့ကို ချစ်ခဲ့မှာပါလေ