Friday, October 26, 2007

သီတင်းကျွတ်

ဒီနေ့  သီတင်း်ကျွတ် လပြည့်ည---------------------------။

တယ်လီဖုန်းကို လက်ကကိုင်ရင်းနဲ့  အမေ့ကို သားကန်တော့လိုက်ပါတယ်။ အဖေ့ကိုလည်း ပြောပေးပါ။ အဝေးကနေပဲ သားကန်တော့လိုက်ပါတယ်လို့ ။

သီတင်းကျွတ်ရောက်တိုင်း ကျနော့်တို့ မောင်နှမတွေ အမေ့ကို ကန်တော့နေကြပါ။ ဒါပေမယ် အဝေးကနေပဲ ကတော့နေရတာ ဘယ်နှနှစ်ရှိပြီးလည်း ဆိုတာတောင် မမှတ်မိတော့ပါဘူးဗျာ။ အဝေးကနေ ဖုန်းနဲ့  ကန်တော့ နေတာကိုပါ။ အဝေးကနေ ဖုန်းနဲ့ ကတော့တာ ကုသိုလ်တော့ ရပေမယ့် မိဘနှစ်ပါးကို ရှေ့  မှာထားပြီး လက်အုပ်ချီးပြီးကတော့တာနဲ့စာရင် ရင်ထဲမှာ ဖြစ်ပေါ်တဲ့ ခံစားချက်ကတော့ ကွာတယ်ဗျ။ မိဘ နှစ်ပါးကို ရှေ့မှာထားပြီး ကန်တော့တော့ ငါ့သားလေး ကျန်းမာပါစေ။ ချမ်းသာပါစေဆိုတဲ့ အသံလေးကို ကြားရတဲ့အပြင် သြော် ငါ့သားလေတွေ အပြင်သွားရင် သုံးရအောာင်လို့ ဖေကြီးရေမုန့်  ဖိုးပေး လိုက်ဦးလေးဆိုတာက ပါသေးတယ်ဗျ။ အဲ့ဒါက အရသာ တခုလို့ ကျနော်ထင်တယ်။ အခုတော့ ကျနော်တို့  မောင်နှမတွေ အမေ့ဆီ က မုန့်ဖိုးမရတာ ကြာပါပြီးဗျာ။

သီတင်းကျွတ်တိုင်း အမေရေ အမေ့ကို သားကန်တော့လိုက်ပါတယ် လို့ ပြောပြီး ဖုန်းနဲ့ပဲ လှမ်းလှမ်း ကန်တော့နေရတာ ကြာပါပြီဗျာ။ သြော် မေ့နေလိုက်တာ ကန်တော့လိုက်တိုင်း လည်း ကျနော့်အမေက ငါ့သားနဲ့ သမီး ကျန်းမာပါစေ ချမ်းသာပါစေဆိုတာထက် ဗမာပြည်ကို အမြန်ပြန်လာ နိုင်ပါစေလို့ ဆုပေးနေကြဗျ။ ကျနော်တို့မှာတော့ ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ ပြောခဲ့ရတာလည်း အကြိမ်ကြိမ် ပါပဲဗျာ။ တကယ်ပါပဲ ဆုကလည်း ဘယ်တော့ပြည့်မှာလည်း မသိဘူးနော်။

ဒီနှစ်လည်းပဲ သီတင်းကျွတ်လပြည့်နေ့မှာ ဖုန်းနဲ့ပဲ ကန်တော့လိုက်ရတယ်။ တခါတခါကျတော့လည်း သီတင်းကျွတ်တို့ ၊ တန်းဆောင်မုန်းတို့  တန်ခူးလတို့ ကို မုန်းချင်သလိုတောင် ဖြစ်နေပါပြီ။ အဲ့ဒီလတွေကိုရောက်တိုင်း မိဘတွေကို ကန်တော့တာတွေ။ သူငယ်ချင်းတွေနဲ့ အပြင်ဘက်ကို လျှောက်လည်ရင် အပြောချိုတဲ့ အပျိုချောလေးတွေကို လိုက်ငန်းခဲ့တာတွေကို သတိရမိတယ်။ သီတင်းကျွတ်။ တန်းဆောင်မုန်း၊ တန်ခူးလဆိုတာကို မြန်မာတနိုင်ငံတည်း ရှိတာမဟုတ်ပေမယ့် မြန်မာပြည်မှာမွေး၊ မြန်မာထမင်းကိုစား၊ မြန့်မာရေကို သောက်ခဲ့တဲ့ သူတွေအတွက်တော့ ဘယ်နိုင်ငံကို ပဲရောက်ရောက် မြန်မာနိုင်ငံမှာ ပျော်ပါးတဲ့ အရသာနဲ့တော့ မတူတာအမှန်ပါပဲ။

အင် ---------------------သီတင်းကျွတ်။ သီတင်းကျွတ်

သီတင်းကျွတ်ဆိုတာနဲ့ မြန်မာလူမျိုးတွေအတွက်တော့ လူကြီးမိဘတွေကို ကန်တော့မယ်။ ဘုရားကျောင်းတွေကို တက်ကြမယ်။ အဲ့ -- ပြီးတော့ ရပ်ကွက်ထဲမှာရှိတဲ့လူတွေကတော့ ဒီသီတင်းကျွတ်မှာ ဘယ်သူများ စွံမလဲဆိုတာကို စောင့်ကြည့်နေရတာ အမောပေါ့ဗျာ။ တချို့ လူပျိုကြီးတွေဆိုရင် လူအထင်ခံရရင် ပြီးရောဆိုပြီးတော့ ရပ်ကွက်ထဲကနေ တပါတ်လောက်ပြောက်သွားတတ်သေးတယ်။ ဟိုတလောကတောင် ကျနော့်သူငယ်ချင်း စိုင်းစိုင်းတယောက် G – TALK မှာ မတွေ့ တာနဲ့ သြော် သူလည်း သီတင်းကျွတ် စတန့် ထွင်ပြန်ပြီးလို့  စိတ်ထဲမှာတောင် ထင်လိုက်မိသေးတယ်။

နောက်မှ ပြန်စဉ်းစားမိပြီး သြော် သူအလုပ်တွေ ရှုပ်နေလို့နေမှာပါ ဘာညာနဲ့ စဉ်းစားမိလိုက်တယ်။ အဲ့ဒါနဲ့ သူ့ဘလော့ကို တက်ကြည့်လိုက်တော့မှ ဘယ်မှမသွားဘဲ ဘောလန်တီယာလုပ်ဖို့ စိတ်ကူးနေတယ်ဆိုတာ ကို သိရတယ်။ ဧကန်န လူအထင်ကြီးအောင် အိမ်တွင်းပုန်းနေတာနဲ့ တူတယ်။

ကျနော့် သူငယ်ချင်း စိုင်းစိုင်းတယောက် ဘယ်တော့စွံမလဲဆိုတာကို စောင့်ကြည့်ရင်း သီတင်းကျွတ်နီးတိုင်း ကျနော်မှာ စတိုးတွေကို လိုက်ကြည့်ရတာ အမောပါပဲ။ သူကို လက်ဖွဲ့  ဖို့လေ။ တခါတခါများဆိုရင် ကြိုတင်ပြီး ၀ယ်မိလို့ လဲ ဆုံးပေါင်းများပါပြီ။ ကျနော်ကိုက အမှတ်မရှိတာပါ။ ကိုယ့်လူကို ယုံကြည်မိတာလည်း ပါတယ်လေ။ ဒီတနှစ်တောင် ၀ယ်ထားသေးတယ် ။ သူငယ်ချင်း စိုင်းစိုင်းတို့  ဇနီးမောင်နှံအတွက် အမှတ်တရ ဘာညာဆိုတဲ့ စာသားလေတောင် ရေးထားသေးတယ်။နောက် ၁ လ လောက်တော့ စောင့်ကြည့်လိုက်ပါဦးမယ်လေ ။ မထင်တော့မထင်ပါဘူး။ သူ့ မှာ လည်း အလုပ်တွေက များတော့ (ဟဲဟဲ ခရေပွင့်အတူတူကောက်နေရတာနဲ့ မွေးနေ့ပွဲတွေ လုပ်နေရတာနဲ့ ) သိပ်စိတ်မ၀င်စားဘူးနဲ့တူပါတယ်ဗျာ။

ဒီစာလေးနဲ့ပဲ အဖေ နဲ့ အမေကို ကန်တော့လိုက်ပါတယ်

မှတ်ချက်။ ။ ကျနော့ထက် အသက် ၁၀ နှစ်ကြီးတဲ့ ကိုစိုင်းစိုင်းကိုလည်း ကန်တော့လိုက်ပါတယ်ဗျာ

မုန့် ဖိုး ၅၀၀ လောက်ပေးနော်

Tuesday, October 23, 2007

ပျဉ်းပမငုတ်တို


ဖုထစ်ရွတ်တွ၊ ငှက် လင်းတသို့ 

ပျဉ်းပငုတ်တို၊ သက်ကျားအိုသည်

ကုန်းမိုးထက်တွင် တစ်ပင်တည်း။


ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း

အဖေတက်လာ၊ အိုင်းအမာသို့

ကျယ်စွာဟက်ပက် ခြအိမ်ပျက်။


ကုန်းမိုကမ်းပါး၊ မြေပတ်ကြားတွင်

စစ်သားခမောက်၊ ပိန်ခြောက်ခြောက်လည်း

စစ်ရောက်စခန်း လက်ပြညွှန်း။


ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်

စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်

ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်

လေပြင်ခိုက်လျက်၊ မငိုက်ဦးခေါင်း

နွေသစ်လောင်းသော်

ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍

လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်

အသင်ယောင်္ကျားကောင်းတကား။


ဆရာကြီး မင်းသုဝဏ် ( ၁၁ ရက် ၁ လ ၁၉၄၉ ခုနှစ်က ရေးခဲ့တဲ့ ကဗျာလေးပါ)

ကျနော်ကြိုက်လွန်းလို့  သင့်ဘ၀ မဂ္ဂဇင်းထဲမနေ ပြန်လည် ကူးယူတင်ပြလိုက်ပါသည် ။

Saturday, October 13, 2007

အစွဲ

ပုံပြင်ထဲမှာ

မျက်မမြင်ပုဏ္ဍာ ငါးယောက်

ဆင်းတကောင်းကို သူစမ်းငါစမ်းနဲ့ 

တယောက်ပြီးတယောက်

အဓိပ္ပါယ်တွေ ဖွင့်လို့

ဆင်ဆိုတာတဲ့

-------------

-------------

ဒါနဲ့

ငါလည်းမနေနိုင်လို့ 

ဝင်စမ်းလိုက်မိတယ်

သြော်

ဆင်ဆိုတာ---------


Thursday, October 11, 2007

video

Sunday, October 7, 2007

ပန်းတိုင်

ဟေ့

ဟိုအရှေ့မှာ

လင်းရောင်ခြည်တောင် သန်းရောပေါ့

လာငါတို့ သွားကြမယ်

ပန်းတိုင်းရှိတဲ့ နေရာဆီိကိုလေ-----


ခရီးဘယ်လောက်ကြမ်းကြမ်း

ဒီထက်တော့ ပိုမကြမ်းတော့ပါဘူး


ကြင်နာခြင်းတွေ

ယုံကြည်မှုတွေနဲ့အတူ

တွဲလက်တွေ မြဲနေဖို့ တော့

လိုအပ်တယ်နော်။


တနေ့ တလံ ပုဂံဘယ်ပြေးမလဲ။



ကျော်ထက်

Thursday, October 4, 2007