Tuesday, September 25, 2007

ဇာဂနာကို ဖမ်းသွားပြီ

သရုပ်ဆောင် ကိုသူရ(ကိုဇာဂနာ)ကို မြန်မာစံတော်ချိန် သန်းခေါင်ကျော် ၂း၀၀ နာရီက ၀င်ရောက်ဖမ်းဆီးသွားတာကို ကိုသူရရဲ့ ဇနီး မပေါက် ဆီမှ သိခဲ့ရပါတယ်။

ကိုသူရအိမ်က ဆဲလ်ဖုန်းနဲ့ အိမ်ဖုံးပါမကျန် စာရွက်စာတမ်းများ အားလုံးကိုလဲသိမ်းဆီးသွားကြပါတယ်။

ကိုကျော်သူကိုလဲဖမ်းဖို့ထွက်သွားကြပြီလို့သိရပါတယ်

ပြည်သူ့အချစ်တော် နှစ်ဦးလုံးနဲ့ မိသားစုတွေအတွက် စိတ်မကောင်းပါဘူး

မပေါက် နဲ့ မရွှေဇီးကွက်တို့ကို အားပေးပါတယ်

ယုတ်မာတဲ့ စစ်အစိုးရကို ရွံရှာစွာ ရှုံ့ချလိုက်ပါတယ်


မျိုးချစ်မြန်မာ Blog မှ တဆင့် ကူးယူတင်ပြပါသည်။

Wednesday, September 19, 2007

ကျနော့်အမေဆီက စာလေးတစောင်ခင်ဗျာ

သားရေ

အမေစာရေးလိုက်ပါတယ်။ သားနဲ့ သမီးတို့ နှစ်ယောက် နေကောင်းလို့ ကျန်းမာပါရဲ့  လား။ အမေ့သားကြီး ကျန်းမာပါစေလို့ လဲ အမေ အမြဲ တမ်းဆုတောင်းပေးနေပါတယ်။ ဘာလိုလိုနဲ့  အမေတို့ မိသားစုတွေလည်း ခွဲခွာ ခဲ့ကြရတာ ဆယ်စုနှစ် တခုတောင် ပြည့်တော့မယ်နော်။ သားနဲ့ သမီးတို့  ပြန်လာရင်တောင် အမေမှတ်မိပါ့မလားမသိပါဘူး သားရယ်။ အမေလေ အမေ့ရှေ့ မှာ အရပ်ရှည်ရှည်နဲ့ လျှောက်လာတဲ့ လူတွေကို တွေ့  တိုင်း ငါ့သားကြီးများလားလို့  လိုက်ကြည့်မိတာ အမောပါပဲ။ ညဖက်ညဖက်တွေမှာ မိသား စုစကားဝိုင်းလေးတွေ မှာ ရယ်မောခဲ့ကြတာတွေကို ပြန်စဉ်းစားလိုက်တိုင် သားနဲ့ သမီးကို သတိရနေမိတယ်။


ဘယ်ဘ၀ကရေစက်ကြောင့် တို့ မိသားစု ခွဲသွားရတာလဲမသိပါဘူး သားတို့ ရယ်။ အရင်ဘ၀က သူတပါးမိသားစုကို ခွဲခဲ့လို့ နဲ့ တူတယ်နော်။ အခုတော့ သားနဲ့  သမီးက လည်း အဝေးမှာ။ လင်ယောင်္ကျားကလည်း ထောင်ထဲမှာ။ အေးလေး စနစ်ကမှ မကောင်းတော့ မခွဲချင်းလည်း ခွဲနေရဦိးမှာပေါ့ သားရယ်။ အမေကတော့ တယောက်ထဲ နေရလည်း စိတ်ဓါတ်မကျပါဘူး။ သားနဲ့ သမီးကို လွမ်းတာပဲ ရှိတယ်။


အမေကတော့ သားတို့ လို နိုင်ငံရေးကို ကိုတိုင်ဝင်မလုပ်ပေမယ့် သားတို့ ဖတ်ပြခဲ့တဲ့ စာအုပ်တွေထဲက သူပုန်မိခင်ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြီး ကိုယ့်ကိုကိုယ်တောင် ဂုဏ်တောင်ယူနေမိ သေးတယ်။ အမေလေ သားနဲ့  သမီးကို တွေ့  ချင်လိုက်။ တခါတလေမှာ ဖြစ်ချင်ရာဖြစ် ဆိုပြီး လာတွေ့ ဖို့  ကျိုးစားတာလည်း အကြိမ်ကြိမ် ပါပဲ။ နောက်တော့ ငါတယောက်ထဲ သားသမီးတွေနဲ့ ခွဲနေရတာမှ မဟုတ်တာ။ ငါလိုအမေတွေ ဗမာပြည်မှာ အများကြီး ရှိသေးတယ်ဆိုတဲ့ စိတ်နဲ့  ကိုယ့်ကိုကိုယ် ဖြေသိမ့်နေရတယ် သားရယ်။ ဟုတ်တယ်မဟုတ်လား။ အမေ့လို အမေတွေ ဟော့ဒီနိုင်ငံကြီးမှာ ဘယ်လောက်တောင်ရှိနေမလဲမသိ ဘူးနော်။


အဲ့ဒီမှာက အစားအ သောက်က ဆင်းရဲ ၊ အနေအထိုင်ဆင်ရဲနဲ့  သားတို့  အရမ်းဒုက္ခ ရောက်နေမယ်ဆိုတာကို သားတို့ မ ပြောပြလည်း အမေသိပါတယ်။ ဘာပဲ ဖြစ်ဖြစ်သားရေ ကျန်းမာရေးကိုတော့ ဂရုစိုက်ပါ။ လူတကာနဲ့ လည်း တဲ့အောင်ပေါင်းနော်။ သားကြီးအတွက် တော့ အမေစိတ်ချပါတယ်။ စိတ်မချတာ သားညီမလေးအတွက်ပဲ။ သူက မိန်းကလေး သာဖြစ်တာ စိတ်က ခတ်မာမာရယ်။ သူ့ စိတ်ထဲရှိတာတွေကို အကုန်လျှောက် ပြောနေ မှဖြင့်။ ဘာပဲဖြစ်ဖြစ်ပေါ့။ မိဘနဲ့အဝေမှာ နေရတော့ မောင်နှမနှစ်ယောက် ချစ်ချစ်ခင်ခင် နေကြပါ ။ ကိုယ့်ညီမလေးကိုလည်း အကိုကြီးတော့ အဖအရာဆိုတဲ့ အတိုင်း သွန်သင် ဆုံးမပါသားကြီးရယ်။ အမေတို့ ကိုယ်စားပေါ။


သားရေး တကယ်လို့ များ စိတ်ညစ်စရာတွေ ရှိလားခဲ့ရင် အမေတို့ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နဲ့  နေခဲ့တာတွေကိုသတိရလိုက်ပေါ့။ ပြီးတော့ သားရဲ့ ဘေးကို ကြည့်လိုက် နော်။ သားတယောက်တည်း မဟုတ်ဘူးဆိုတာ သားတွေ့ လိမ့်မယ်။ သူတို့လည်း ငါ့ လိုပဲနေမှာပဲဆိုတာကို သားစဉ်းစာလိုက်ပေါ့။ ပြောမယ့်သားပြောရတယ် အမေ့သား နဲ့ သမီးက စိတ်ဓါတ်ခိုင်မာပြီးသာဆိုတာ အမေသိပါတယ်။ စိတ်ဓါတ်မကျနဲ့ သားရယ် ယုံကြည်ချက်နဲ့ လုပ်နေတဲ့ အလုပ်ပဲ။ ဇွဲရှိဖို့ တော့ လိုတာပေါ။


ဒီမှာ အမေတို့ လည်း အဆင်ပြေပါတယ်။ အိမ်ဘေးနားက လူတွေကလည်း အမေကို စောင့်ရှောက်ကြပါတယ်။ သားတို့ ရဲ့  အဖေအတွက်လည်း မစိုးရိမ်နဲ့ ။ တလတခါလောက် တော့ အမေသွားတွေ့ ဖြစ်အောင်တွေ့ ပါတယ်။ သူလည်း ကျန်းကျန်းမာမာပါပဲ။ ပိုတောင်မှ တက်ကြွနေသေးတယ်။ သူအတွက်ကို စိတ်မပူဖို့ ပြောပေးဖို့ ပဲ တတွတ်တွတ် ပြောနေ တယ်။ နောက်ဆုံးအနေ နဲ့  အမေမှာချင်တာကတော့ ဘုရားတရားကို မမေ့ဖို့ပါပဲ။


သားနဲ့ သမီးတို့ ရည်မှန်ချက်တွေပြည့်ပြီး ဗမာပြည်ကို ပြန်လာတဲ့ တနေ့ ကြရင်လေ အမေ သပြေပန်းနဲ့  လက်ကန်ပြီး ကြိုဆိုဖို့ စောင့်နေမယ်နော်။

သားနဲ့  သမီးတို့ ရဲ့ 

အမေ

Friday, September 14, 2007

ရင်ထဲကဆူး

ဘ၀ဆိုတာ ဖျတ်ခနဲ တွေ့ လိုက်ရတဲ့ ရုပ်ပုံလွှာပါလာဆိုတာကို နွေပေါင်း ၂ ခုကို ဖြတ်သန်း ခဲ့ပြီးသည့်နောက်မှ သိလိုက်ရတယ်။ အမှတ်တရပေါင်းများစွာဟာ ဗွီဒီယို ပြကွက်တွေလိုပဲ အကန့် လိုက်ကို ပေါ်လာတော့တာပါပဲ။ မစဉ်းစာပဲနေရင် ကောင်းသား။ အခုတော့ ------- အရာရာတိုင်းဟာ သတိရစရာတွေ၊ လွမ်းစရာတွေ အတိ နဲ့  ပါလား

နွေညတွေ ရောက်တိုင်း ကောင်းကင်က ဖိုးလမင်းကြီးကို ကြည့်ပြီး ဖိုးလမင်းကြီးရယ် ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ ပေးပါဆိုတဲ့စကားကို နှစ်ဦးသား ကြည်နူးစွာ ပြောခဲ့တာ တွေကို သတိရမိတယ်။ ကလေးမဟုတ် သူငယ်မဟုတ်ဆိုတဲ့ စကားဟာ အဲ့ဒီအချိန်တုန်း က အတွေးထဲတောင် မ၀င်ခဲ့ဘူး။ အခုအချိန်အထိလည်း လပြည့်ညတွေ ရောက်တိုင်း တကိုယ်တည် တောင်းတနေတုန်းပါပဲလေ။ ဆီဆမ်းထားတဲ့ ထမင်းတော့ မဟုတ်ဘူးပေါ့။ မင်းမှတ်မိမလားတော့မသိဘူး။ တို့ နှစ်ယောက်ရဲ့ ဘ၀မှာ အမှတ်ရစရာ တွေ အများကြီး ထဲက အမှတ်ရစရာအကောင်းဆုံး တချက်ကိုလေ။ ဆောင်းနှင်းတွေ ဝေနေတဲ့ နံနက်ခင်း အချိန်တခုမှာလေ--------။

တို့နှစ်ယောက် လမ်းခွဲလိုက်ကြရအောင်လို့ မင်းပြောလိုက်တဲ့စကားတခွန်းဟာ ယခုအ ချိန်အထိ နားထဲကကို မထွက်ဘူးဖြစ်နေတယ်။ မင်းကော ပြောခဲ့တာဟုတ်ရဲ့ လား ဆိုတဲ့ ယခုအချိန်အထိ သံသယစိတ်တောင် မပျောက်သွားသေးဘူးဖြစ်နေတယ်။ ညဘက် ညဘက်တွေမှာ တရေးနိုးလို့ ကိုယ့်ရဲ့ ဘယ်ဖက်ကို လိုက်လိုက်စမ်းမိတာလည်း အကြိမ် ကြိမ်ပါပဲ။ မင်းနဲ့ ပါတ်သက်တဲ့ အရာတွေ အားလုံးကို အခုချိန်အထိ ဘာတခုမှ မပြောင်းလဲပဲ ဒီအတိုင်းကို အမှတ်တရအဖြစ် ထားထားခဲ့မိတယ်။ တကယ်လို့များ မင်းပြန်လားခဲ့ရင်ဆိုတဲ့ စိတ်နဲ့ ပါပဲ။ တို့ နှစ်ယောက်အတူသွားခဲ့တဲ့ နေရာလေးတွေကို ရောက်တိုင်း မင်းများ ရောက်နေမှာလားကို ပတ်ဝန်းကျင်းကို လှည့်ပါတ်ကြည်မိတာလည်း အကြိမ်ကြိမ်ပါပဲ။ ဘယ်နေရာကို ရောက်ရောက် တိုက်ဆိုင်တာလေးတွေ ရှိခဲ့ရင်တောင် မင်းကို အရင်ဆုံး သတိရမိတယ်။ ညဘက်တွေမှာအလုပ်က ပြန်လာတဲ့အချိန်တိုင်းမှာ မင်းများရှိလေမလား ဆိုတဲ့ မသိစိတ်ရဲ့ လွမ်းမိုမှုက ကိုယ့်ကိုကိုယ် ဒုက္ခပေးနေတုန်းပါပဲ။ ဒါပေမယ့် အဲ့ဒီဒုက္ခ က ကိုယ့်အတွက် ချိုမျိန်နေတုန်းပါပဲ။ ရင်ထဲမှာ မရှိတော့မှန်းသိနေခဲ့တာတောင်မှ ဘာဖြစ်လို့များ တမ်းတနေရတာလဲ။ မရနိုင်တဲ့ အရာကိုမှ လိုချင်တပ်မက်မိတာ လူတွေရဲ့  သဘာဝပဲ လေ။ ဟိုအဝေးတနေရာမှာ လွတ်လပ်စွာ ပျံသန်းနေတဲ့ ငှက်ကလေးကို ဘယ်လိုပြန်ရနိုင်တော့မှာလည် ပြန်မရနိုင်တော့မှန် သိနေပေမယ့် တောင်းတနေမိတာ စွဲးလမ်းမှုတခုလေ ပဲလား။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့ နယူတန်ရဲ့ နိယာမ ဟာ ယခုအချိန်အထိ မှန်နေသေး တယ် ဆိုရင်တော့ ----------------------။

Sunday, September 2, 2007

တွေးမိသမျှ

အရင်တုန်းကတော့ အလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့  အိမ်မှာ ထမင်းစားသောက်ပြီး စာဖတ်ရင်ဖတ်။ မဖတ်ရင် TV ကြည့်လိုက်နဲ့  အချိန်ကုန်သွားတာများတယ်။ တနေ့ သူငယ် ချင်းတယောက်နဲ့ G – Talk မှာ တွေ့ တော့ သူလုပ်ထားတဲ့ ဘလော့လေးကို ပြတော့ ကျနော်လည်း တော်တော်ကို စိတ်ဝင်စားသွားတယ်။ စိတ်ဝင်စားပြီး ကျနော်လည်း ဘလော့တခုလုပ်မယ်ဆိုပြီး ၄င်း သူငယ်ချင်းကိုပဲ အကူအညီတောင်းခဲ့တယ်။ သူကလည်း ဘလော့ပြီးတဲ့အထိ အကုန်လုံးကို ကူညီသွားခဲ့တယ်။ (အခုအချိန်အထိလည်း အကူအညီ တွေ တောင်းနေတုန်းပါပဲ။ အကုန်ပေါ့ ဟိုဟာပြင်လိုက် ဒီဟာပြင်လိုက်နဲ့  ကျနော်လည်း တော်တော်မော၊ သူလည်း တော်တော်မောနဲ့  သူများတွေ ဘလော့လို မလှပေမယ့် ရင်ဖွင့်ဖို့ အတွက် ဘလော့လေးတခုရခဲ့တယ်။ ကူညီတဲ့ သူငယ်ချင်းကိုလည်း မိန်းမ လှလှလေး ရပါစေလို့  ဆုတောင်းပေးပါတယ် ( မထင်ပါဘူး) ။

အဲ----- သူများတွေ ဘလော့လို့ သာ ကိုက လိုက်ဘလော့ရတာ ဘာရေးလို့  ရေးရမှန်း လည်းမသိပါဘူး။ တနေ့  တနေ့  အလုပ်ကရောက်တာနဲ့  ကွန်ပြူတာကို ဖွင့်ပြီးတာနဲ့  ကိုယ့်ဘလော့ထဲကို ဘယ်သူတွေ ၀င်ကြည့်သွားလဲဆိုပြီး ၀င်ကြည့်ရတာ အမောပါပဲ။ နောက်ပြီး သူငယ်ချင်းတွေ ရဲ့  ဘလော့တွေကို လိုက်ကြည့် သူတို့ တွေ ဘာတွေရေးထား သလဲ။ ဘယ်သူတွေက ဘာတွေတင်ထားသလဲဆိုတာ လိုက်ကြည့်ရတာ အမောပါပဲ။ သူတို့ တွေကြတော့လည်း ရေးတတ်လိုက်တာ။ ကိုယ့်ဘလော့ထဲကို အသစ်ကလေးတွေ ရေးတင်ဖို့ ကလည်း ကိုညိမ်းညိုတို့ လို ကဗျာကလည်း မရေးတတ်၊ ကိုစိုင်းစိုင်တို့ လို ခရေပွင့်လေးတွေကောက်ဖို့ ကလည်း လူက မရှိနဲ့  ကျနော့်မှာ တော်တော်ကို ဒုက္ခကို ရောက်နေခဲ့တယ်။ တနေ့ တနေ့  ရေးလိုက် ဖျက် လိုက်နဲ့ အချိန်တွေသာ ကုန်သွားခဲ့တယ် ဘာဆို ဘာမှ ဖြစ်မလာခဲ့ပါဘူး။ ဒီလိုနဲ့  လုံခြာပတ်ခြာလိုက်နေတာ ဘလော့စဖွင့် ကတည်း က ဆိုပါတော့။ အခုတော့ ကျနော် သိသွားပါပြီး။ ကိုစိုင်းစိုင်းလို ခရေပွင့်အတူကောက်တဲ့ အကြောင်းတွေရေးဖို့ ၊ ပြီးတော့ မွေးနေ့ ဆုတောင်းကလေးတွေ လုပ်ဖို့ အတွက် ခြေစင်္ကြာဖြန့်  လိုက်ဦးမှပါပဲ။ ကိုစိုင်းစိုင်း ရေ နောက်တာနော်။ ဘွာတေ ဘွာတေ