နယူယောက်မြို့ ရဲ့ ညနေခင်းတိုင်းဟာ
ရေမရှိတဲ့ ခွက်လိုပဲ
ငါ့အတွက်တော့
အထီးကျန် ဆန်လွန်းပါတယ်ကွာ။ ။
ချစ်သူရေ
မီးရောင်စုံတွေ ထွန်းထားတဲ့
ဟော့ဒီမြို့ ကြီးထဲမှာ
ငါ့ဦးနှောက်ကို --------ငါ
မီးထွန်းဖို့ မေ့နေခဲ့တယ်
ငါ့မနက်ဖြန်တိုင်းကိုလည်း
မျှော်လင့်ဖို့ မေ့နေခဲ့တယ်။ ။
အို ----- ဘုရားသခင်
သင်၏ ကြင်နာတတ်သေား နှလုံးသားဖြင့်
ကိုယ့်နံရိုးကို ကိုယ်ပြန်တမ်းတနေတဲ့ဘ၀က
ကျွ န်ုပ်အား
လွတ်မြောက်ခွင့်ပေးလှည့်ပါ။ ။
2 comments:
ကောင်းတယ် ဗျ ကြင်သူလေးပါ ရှာထား ဒါမှ .... :P
It's good..but what ribs refer to? can u pls explain to me?
keep up good works!!
Post a Comment