ရိုးမကို မဖြတ်ဖူးဘူး
မာနယ်ပလောကို မဖြတ်ဖူးဘူး
ရေကြည်အိုင်ကို မဖြတ်ဖူးဘူး
ဒါပေမယ့်
မဲ့ဆောက်ကို ဖြတ်ခဲ့တယ်
ဒုက္ခသည်စခန်းကို ဖြတ်ခဲ့တယ်။ ။
တော်လှန်ရေး - --- ---- ---
နိုင်ငံရေး - - - - -
ဒီမိုကရေစီရရှိရေးတဲ့ --------
အခုတော့
ကွန်ကရစ် မြို့ တော်ကြီးရဲ့ 
ရေမွှေးနံ့ တွေကြား
လူလုပ်တဲ့ အလင်းရောင်တွေ အောက်မှာ
ငါ့အိမ်မက်မြစ်ကို ဖြတ်ကူးနေဆဲ။ ။
ဝိုင်းစိန်ရေ
နင်နဲ့ငါ လမ်းခွဲခဲ့တဲ့
ရွာအ၀င်အပြန်လမ်းမှာ
နင် - - - စောင့်နေတာ
သပြေပန်းတောင်
ညှိုးနေလောက်ပေါ့ ။ ။
2 comments:
ဝိုင်းစိန်က ဘယ်သူလဲ ကွ။ ကဗျာကောင်းတယ်။
ကဗျာတွေကိုတော့ ကျွန်တော်ခံစားတတ်ပါတယ် ..
လိုက်မမီတာလည်းရှိတာပေါ့ဗျာ ...
လာလာ ဖတ်လေ့ရှိပါတယ် ...
Saing Khan Tun
saingkhantun@gmail.com
saingkhantun.blogspot.com
saing.top-me.com
Post a Comment