Monday, February 11, 2008

ဝိုင်းစိန်သို့ 


ရိုးမကို မဖြတ်ဖူးဘူး

မာနယ်ပလောကို မဖြတ်ဖူးဘူး

ရေကြည်အိုင်ကို မဖြတ်ဖူးဘူး

ဒါပေမယ့်

မဲ့ဆောက်ကို ဖြတ်ခဲ့တယ်

ဒုက္ခသည်စခန်းကို ဖြတ်ခဲ့တယ်။



တော်လှန်ရေး - --- ---- ---

နိုင်ငံရေး - - - - -

ဒီမိုကရေစီရရှိရေးတဲ့ --------

အခုတော့

ကွန်ကရစ် မြို့ တော်ကြီးရဲ့ 

ရေမွှေးနံ့ တွေကြား

လူလုပ်တဲ့ အလင်းရောင်တွေ အောက်မှာ

ငါ့အိမ်မက်မြစ်ကို ဖြတ်ကူးနေဆဲ။


ဝိုင်းစိန်ရေ

နင်နဲ့ငါ လမ်းခွဲခဲ့တဲ့

ရွာအ၀င်အပြန်လမ်းမှာ

နင် - - - စောင့်နေတာ

သပြေပန်းတောင်

ညှိုးနေလောက်ပေါ့ ။

2 comments:

Nyein Chan Aung said...

ဝိုင်းစိန်က ဘယ်သူလဲ ကွ။ ကဗျာကောင်းတယ်။

Saing Khan Tun said...

ကဗျာတွေကိုတော့ ကျွန်တော်ခံစားတတ်ပါတယ် ..
လိုက်မမီတာလည်းရှိတာပေါ့ဗျာ ...
လာလာ ဖတ်လေ့ရှိပါတယ် ...

Saing Khan Tun
saingkhantun@gmail.com
saingkhantun.blogspot.com
saing.top-me.com