skip to main | skip to sidebar
www.kyawhtet.blogspot.com

Labels

  • ကဗျာ (7)
  • ကဗျာ လို့တော့ ထင်တာပဲ (1)
  • ခံစားလို့ ရသမျှ (1)
  • စပ်မိစပ်ရာ (1)
  • ဖန်တီးသူအကြိုက်ထဲက ခံစားသူအကြိုက် (1)
  • မျှဝေခြင်း (1)
  • ပြန်လည် တင်ပြချင်း (1)
  • ကြောက်တတ်တဲ့ အကြောင်း (1)
  • ရောက်တတ်ရာရာ (1)

ရေးသားခဲ့ပြီးသမျှ

  • ► 2010 (1)
    • ► January (1)
  • ► 2008 (9)
    • ► December (2)
    • ► November (1)
    • ► April (1)
    • ► March (1)
    • ► February (2)
    • ► January (2)
  • ▼ 2007 (27)
    • ► December (1)
    • ► November (4)
    • ► October (6)
    • ▼ September (7)
      • မြန်မာ့အရေး ဘယ်လိုရှင်းမှာလဲ
      • New York က လူတွေလည်း မခံမရပ်နိုင်ဖြစ်ခဲ့ကြ
      • New York မြို့ UN ရှေ့ မြန်မာအရေးအတွက်
      • ဇာဂနာကို ဖမ်းသွားပြီ
      • ကျနော့်အမေဆီက စာလေးတစောင်ခင်ဗျာ
      • ရင်ထဲကဆူး
      • တွေးမိသမျှ
    • ► August (9)

ရေးချင်တာလေးတွေကို ရေးခဲ့ပါနော်


Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, September 28, 2007

New York မြို့ UN ရှေ့ မြန်မာအရေးအတွက်






Posted by ကျော်ထက် at 5:12 PM  

0 comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

ဒီနေ့ 

Error loading feed.

ကြာပွတ်ဖြင့် အရိုက်ခံရ ၍

ကျလာသေ သွေးစက်တိုင်းအတွက်

ဓါးဖြင့်တိုက်ခိုက်၍ ကျလာသော

သွေးစက်ဖြင့် လက်တုံ့ပြန်ဆပ်စေဟု

ဘုရားသခင်က ဆန္ဒရှိခဲ့မည် ဆိုပါမူ

ဘုရားသခင်၏ ဆုံးဖြတ်ချက်များ

မှန်ကန်ဖြောင့်မတ်ပါပေသည်။

အကယ် ၍

အကယ် ၍

မင်းအသိုင်းအ၀ိုင်က

တုန်လှုပ်ခြောက်ခြာပြီး

ဒါတွေဟာ မင်းကြောင့်လို့ 

ဝိုင်းဝန်းအပြစ်တင်ကြတဲ့အခါ

မင်းဟာ ခေါင်းအေးအေးနဲ့ 

ရင်ဆိုင်နိုင်မယ်ဆိုရင်။

အကယ် ၍

အားလုံးက မင်းကို

မယုံသင်္ကာဖြစ်လာတဲ့အခါ

သူတို့ ကို နားလည်စွာ ခွင့်လွတ်ရင်နဲ့ 

မင်းကိုယ်မင်း ယုံကြည်မှုအပြည့် ရှိမယ်ဆိုရင်

အကယ် ၍

စောင့်သင့်တဲ့အချိန်ကို စောင့်ပြီး

အဲ့ဒီအတွက်လည်း

မမောမပန်းနေနိုင်မယ်ဆိုရင်

ဒါမှမဟုတ်

မင့်ရဲ့ အကြောင်း

မဟုတ်မတရား မုသားစကားကြားရတဲ့အခါ

မင်းကလည်း အလိမ်အညာတွေနဲ့ 

မတုန့် ပြန်ဘူးဆိုရင်

ဒါမှမဟုတ်

မင်းကို လူတကာက ၀ိုင်းမုန်းတီးတဲ့အခါ

မင်းဟာ အမုန်းတွေ ပြန်မပွားဘူးဆိုရင်

ပြီးတော့

မင်းကိုယ်မင်း

လူတော်တစ်ယောက်ရယ်လို့  မမြင်ပဲ

ပညာရှိစကားတွေကိုလည်း

မလွန်ဆန်ဘူးဆိုရင်

အကယ် ၍

စိတ်ကူးရင်အိမ်မက်တွေဟာ

မင်းအပေါ်မလွှမ်းမိုးစေပဲ

စိတ်ကူးနိုင်မယ်ဆိုရင်

ပြီးတော့

အတွေအခေါ် စိတ်ကူးတွေဟာ

မျှော်မှန်းချက်သက်သက်သာမဖြစ်ပဲ

တွေးခေါ်နိုင်မယ်ဆိုရင်

အကယ် ၍

အောင်မြင်မှုသုခနဲ့ ဆုံးရှုံမှုဒုက္ခတွေကို

ကြုံတွေ့ ရတဲ့အခါ

တူညီသောလောကဓံတရားတွေပါလားရယ်လို့ 

ခံယူထားနိုင်မယ်ဆိုရင်

အကယ် ၍

မင်းရဲ့ အမှန်စကားတွေကို

လူလိမ်လူညစ်တွေက

လှည့်စားပြောင်လဲပြီး

မုသားအဖြစ် ထောင်ခြောက်ဆင်ညစ်တဲ့အခါ

မင်းဟာ တည်ငြိမ်စွာနဲ့  နာကြားနိုင်မယ်ဆိုရင်

ဒါမှမဟုတ်

မင်းဘ၀တခုလုံးပေးပြီး အရိပ်တကြည့်ကြည့်နဲ့ 

ဖြည့်ဆည်းခဲ့ရတဲ့အရာရာကို

ဖျက်စီးခံလိုက်ရတဲ့နောက်မှာ

အင်မတန်မှ သေးငယ်လှတဲ့

တန်ဆာပလာအရာရာနဲ့ 

ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်

အကယ် ၍

မင်းခံနိုင်သမျှအားလုံးဟာ

ကြွေတလက် က်ြတခုန်ပမာ

တလှည့်တခါတည်းနဲ့  ဆုံးရှုံးသွားခဲ့ရင်

ပြီးတော့

အစကနေ ပြန်စနိုင်မယ်ဆိုရင်

ပြီးတော့

ဆိုးလှတဲ့ ကြမ္မာရယ်လို့ 

ဘယ်သောအခါမှ ညဉ်ညူမနေဘူးဆိုရင်

အကယ် ၍

သူများတကာလုပ်ပြီးသွားကြလို့ 

အချိန်အတော်ကြာမှ

မင်းအလှည့် ရောက်တဲ့အခါ

မင်းတယောက်တည်းနဲ့ ပဲ

အားနဲ့  မာန်နဲ့  ဇွဲသတ္တိရှိရှိ

ဆက်ကြိုးစားနိုင်မယ်ဆိုရင်

အဲ့ဒီလိုပဲ

မင်းမှာ စိတ်အားကလွဲလို့ 

ဘာဆိုဘာမှ မရှိတော့တဲ့အခါ

အဲ့ဒီစိတ်ဓါတ်အားကို ခိုင်မာစွာနဲ့ ပဲ

ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်

အကယ် ၍

လူတွေနဲ့  ထိတွေ ပြောညဆို ဆက်ဆံတဲ့အခါ

ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်

ဒါမှမဟုတ်

မင်းကရာဇ်တွေနဲ့ 

အတူလမ်းလျှောက်နေရပေမဲ့

မာန်မာန သွေးမကြွဘူးဆိုရင်

အကယ် ၍

ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ

မင်းကို သိပ်နာကျည်းအောင် မလုပ်နိုင်စေရင်

အကယ် ၍

လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်

စွဲလန်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင်

အကယ် ၍

တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့

တမိနစ်အတွင်းမှာ

အဓိပ္ပါယ်ရှိလျတဲ့ စက္ကန့် ခြောက်ဆယ်အဖြစ်

အသုံးချနိုင်မယ်ဆိုရင်

ငါ့သားရေ

မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့

ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ 

အရာအရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့

အဲ့ဒီတော့ မင်းဟာလည်း

ယောင်္ကျားကောင်းတစ်ယောက်ပေါ့၊

 
Skin Design: Free Blogger Skins