ဖေဖေ
ခရစ်စမတ်တောင် ရောက်တော့မယ်
ထင်ရူးပင်တွေထိပ်က
အိမ်ခေါင်မိုးတွေထိပ်က
အရာရာ မြင်သမျှတွေက နှင်းတွေ အတိနဲ့ ပေါ့
စန်တာကလော့အရုပ်ကြီးကလည်း လှမှလှ
ဖေဖေ
ကျန်မာရေးရော ကောင်းရဲ့ လား
တနှစ်ပြီးတနှစ်နဲ့ 
နှင်းတွေတောင်မှ ကိုးနှစ် ကြပြီးသွားပြီ
စန်တာကလော့ကတောင် မေးနေသေးတယ်
သားတို့ အိမ်က ခရစ်စမတ်သစ်ပင်ထိပ်က
ကြယ်အကြီးကြီးကို မတတ်သေးဘူးလားတဲ့
ဖေဖေ
မေမေကပြောတယ်
တိုင်းပြည်ကို ချစ်မိမှတော့တဲ့
ဟုတ်ပါတယ်လေ------------
တိုင်းပြည်ကို ချစ်ခဲ့မိတာကို
ဖေဖေ
ဒီတနှစ်တော့
စန်တာကလော့ဆီမှာ
သား-----------
ခရစ်စမတ်လက်ဆောင်တောင်းထားတယ်
ကြယ်အကြီးကြီးကို တတ်ရအောင်လို့ လေ
0 comments:
Post a Comment