ဒီအချိန်ဆိုရင်
တောင်ယာတွေ မီးရှို့ နေကြရောပေါ့
လွမ်းတယ် ကန္ဒရ၀တီရယ်
ဘီလူးချောင်းက ရေစီးသံကို -------လွမ်းတယ်
ချစ်သူတွေ မသွားရဲ တဲ့ တောင်ကွဲစေတီကိုလည်း---------လွမ်းတယ်
ဟို တောင်မြင့်မြင့်တွေပေါ်က လွမ်းစေတီတွေကိုလည်း --------- လွမ်းတယ်
ငါးရက်တစ်ဈေးက ခေါင်ရည်တန်းကိုလည်း----------လွမ်းတယ်
ငါအလွမ်းဆုံးက ဒီးကူပွဲတော်ကြီးကိုပေါ့
မြင်ရောင်မိသေးတယ်
ပဒေါင်မ လည်ပင်းရှည်တစ်ယောက်
ကလေးကို ကျောမှာတွဲ
ခေါင်ရည်အိခုးကို လက်မှာဆွဲကာ
ပြောင်းစိုက်ထွက်နေတဲ့ဟန်ကိုလေ
လွမ်းတယ် ကန္ဒရ၀တီ
ခေါင်ရည်နံ့ သင်းပျံ့ နေတဲ့ တောင်ယာတဲထဲမှာ
ဖွတ် ပုတက်နဲ့ ယုန်မကျံ ကင်စားတဲ့ ဘ၀ကိုလေ
တခါတခါ
တူမီးတလက်နဲ့ အမဲလိုက်တေးတွေ ဆိုခဲ့တာကိုလေ
လွမ်းတယ် ကန္ဒရ၀တီ
တောင်ပတ်လည်း ၀ိုင်း
နှင်းမြူတွေ ဆိုင်းနေတဲ့ကြားက
မယဉ်မရိုင်းနဲ့ 
ကရင်နီ တိုင်းရင်းသူလေးတွေရဲ့  အလှကိုလေ
Tuesday, November 11, 2008
ကန္ဒရ၀တီလွမ်းချင်း
Subscribe to:
Post Comments (Atom)
4 comments:
တောင်ကွဲစေတီကိုလည်းလွမ်းတယ်.. ပြောင်းခေါင်ကိုလည်းလွမ်းတယ်.. ဘီလူးချောင်းကိုလည်းလွမ်းတယ်.. နော်မူးလည်ဖောကိုလည်းလွမ်းတယ်..
ဒီကဗျာမျိုးလေးတွေ များများရေပါ။မျက်လုံးထဲမှာမြင်စေ
ပါတယ်။ခင်တဲ့
လွိင်ကော်ကိုပြန်ချင်စိတ်တောင်ပေါက်သွားတယ် တော်တော်ကောင်းပါတယ်
အော်..... ငွေတောင်ပြည် ကြီးရယ်။
နင့် ကို သတိရတယ် ..
တောင်ကွဲစေတီ၊ ငွေတောင်၊ ဘီလူးချောင်း၊ ပြောင်းခေါင်ရည်၊ ထမင်းထောင်း၊ ၀က် အူချောင်းး။။။ အကုန် သတိရတယ်။။။။။
Post a Comment