Sunday, January 6, 2008

သုံးနားညီ ခံစားချက်

၈၈ ခုနှစ်နောက်ပိုင်း တိုင်းပြည်ကလည်း မငြိမ်မသက် ဖြစ်နေတဲ့အချိန် ဆိုပါတော့ကွာ။ ကိုယ့် အဖေက နိုင်ငံရေးသမားတယောက် ဆိုတော့ ဘယ်အချိန်လာဖမ်းမလဲ ဆိုတဲ့ အသိနဲ့ ငါတို့ လည်း စောင့်နေမိတယ်။ မနက်မိုးလင်းလို့ အပြင်မထွက်လိုက်နဲ့ အမင်္ဂလာ သတင်းက ကြားနေရပြီး။ ညက ဘယ်သူ့  ကို ဖမ်းသွားတယ် ဆိုတဲ့ သတင်းလေ။ ဒီသတင်းတွေပဲ နေတိုင်း ကြားရလွန်းလို့  အပြင် ထွက်ရမှာကို ကြောက်နေမိတယ်ကွ။ အဖမ်းခံရတဲ့ သူတွေကလည်း ငါ့အဖေ မိတ်ဆွေတွေ ဆိုတော့ ငါ့ရင်ထဲမှာ ဘယ်လို ရှိမယ်ဆို တာ မင်းစဉ်းစားကြည်စမ်း။

အဲ့ဒီညမှာလေ မိုးတွေကရွာလိုက်တာ အရမ်းပဲကွ။ အိမ်ရှေ့ မှာ ကားတစင်းရပ်သံကို ကြားလိုက်မိတယ်။ ဧည့်သည်တွေ လာတာပဲ ဆိုပြီး တံခါ ဖွင့်လိုက်တဲ့ အချိန်မှာပဲ ရပ်ကွက်လူကြီးတွေကော၊ စစ်တပ်ကလူတွေကော အများကြီးပဲ ငါတို့ အိမ်ကို ၀ိုင်းထား တာကို တွေ့ လိုက်ရတယ်။ ဧည့်သည်တော့ ဧည့်သည်ပါပဲ ။ ဧည့်ဆိုးတွေဖြစ် နေတယ်။

အမေကတော့ ဘယ်သိမလဲကွာ။ မျက်နှာငယ်လေးနဲ့ပေါ့။ ညီမလေးကလည်း ဘာမှ နားမလည်းတဲ့ အရွယ်ဆိုတော့ ငိုဖို့ ပဲ သိတယ်လေ။ သူတို့ ကတော ပြောပါတယ် ခဏလေးပါတဲ့။ စစ်မေးစရာ ရှိလို့ ခေါ်သွားမယ် ဆိုပြီးတော့ အဖေ့ကို အ၀တ်အစားတွေ ထည့်ခိုင်းနေတာ ကြားရတယ်။ ခဏလောက် လိုက်ခဲ့ပါဆိုပြီးတော့ အဖေ့ကိုခေါ်သွားတာ ဆယ်စုနှစ် နှစ်ခုကို ဖြတ်ကျော်ခဲ့ပြီးကွ။

ခေါ်သွားပြီးတဲ့ နောက်ပိုင်းမှာ ငါတို့ မိသားစုလည်း အဖေတနေ့ပြန်လွတ်လာနိုနဲ့ စောင့်နေလိုက်တာ အခုချိန်အထိပါပဲကွာ။ တခြားနိုင်ငံရေးသမားတွေ လွတ်လာတိုင်း ငါ့အဖေပါမလားဆိုပြီးတော့ ထောင်ဘူဝမှာ သွားစောင့်နေရတာ အမောပါပဲ။ မလွတ်ဘူးဆို တာတော့ သိပါတယ်။ ဒါပေ့မယ့် လွတ်ချင်လွတ်နိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ပေါ့။ အခုတော့လည်း အရာရာအားလုံးဟာ နေသားတကြ ရှိသွားပါပြီး။ ငါလည်း ငါ့ဖေသွေးပါတော့ အခု သူ့ ခြေရာကို လိုက်နင်းနေပြီလေ။ အမေကတော့ ငါ့ကို ဘာမှမပြောပါဘူး။ သူနားလည်ပါတယ်။ တိုင်းပြည်မှာ ဖြစ်ပျက်နေတာတွေကိုလေး။

ဖိုးခွား (သား) ရေ အမိုး ( အမေ) တို့ က နိုင်ငံရေး ဆိုတာမသိ တော်လှန်ရေးဆိုတာလဲ မသိပါဘူး။ ကိုယ့်ရွာမှာ အေးအေးဆေး ဆေးပဲ နေချင်တယ်လေ။ အရင်ဘ၀ကို အမိုးတို့ မကောင်းတာ ဘာတွေ လုပ်ခဲ့မှန်းမသိဘူး။ ဒီဘ၀မှာ မွေးကတည်းက အေးအေးချမ်းချမ်းနဲ့ကို နေရတယ် မရှိဘူး။ ခက်တာက ရွာမှာ အမိုးက သူကြီးဖြစ်နေတော့ ပိုဆိုးတာပေါ့။

ရွာမှာကလည်း ဘယ်သူမှ သူကြီးမလုပ်ချင်ကြဘူး။ ယောင်္ကျားလေတွေ တော်တော်များများကလည်း မလုပ်ချင်ကျတော့ဘူးလေ။ ဘယ်လုပ်ချင်မလဲ သူကြီးလုပ်တယ်ဆိုတာ မြို့ ပေါ်က ရပ်ကွယ်လူကြီးတွေလို လွယ်တာမှတ်လို့ ။ မြို့ ပေါ်မှာ ရပ်ကွယ်လူကြီးလုပ်ရင် ချမ်းသာတယ်လို့ ကြားဖူးတယ်။ အမိုးတို့ ဆီမှာတော့ စိတ်ညစ်လို့ သေတောင် သေချင်းတယ် ဖိုးခွားရေ။ မနက်မိုးလင်းတာနဲ့ အမိုးသူကြီး စစ်တပ်ပြင်ဖို့  အတွက် ၀ါးက ဘယ်လောက်၊ လူက ဘယ်လောက် ပို့ ပေးပါ ဆိုတာက တမျိုး ။ အမိုးသူကြီး တပ်ရင်းမှုးက စစ်ဆေးစရာ ရှိလို့  တပ်ထဲမကို လာခဲ့ပါဦးဆိုတာက တဖုံ။ အခန့်မသင့်ရင် ပါးတောင် အရိုက်ခံထိသေးတယ်။

တခါတလေများ ဆိုရင် ရွားထဲက လူငယ်လူရွယ်တွေကိုခေါ်ပြီ ခိုင်းခြင်ရာ ခိုင်း။ ပါရိုက် နားရိုက်နဲ့ ။ ငါ့ရင်ထဲမှာ ဘယ်လို ရှိမယ် ဆိုတာကို ဖိုးခွားအနေနဲ့ စဉ်းစားကြည့်စမ်းပါ။ အဖျက်ဆီး ခံရပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ မိန်းကလေးတွေလည်း အများကြီး ပါပဲ ဖိုးခွားရယ်။ ဒါနဲ့ပဲ အမိုးလည်း ဆုံးဖြတ်လိုက်တယ်လေး။ ထိုင်းနိုင်ငံမှာ ရှိတဲ့ ဒုက္ခသည် စခန်းမှာ သွားနေတာမှ ဘ၀အတွက် လုံခြုံဦးမယ်လို့ ။ အမိုးတို့ လည်း ဘယ်နေချင်မလဲ ဖိုးခွားရယ်။ ဒုက္ခသည် ဆိုတာက သူများကျွေးတာကို စားပြီး ဘယ်မှလည်း သွားခွင့် လာခွင့်မရှိတာ။ အမိုးတို့ က ကို့ ရပ်ကိုယ့်ရွာမှာပဲ အေးအေးချမ်းချမ်းနဲ့ လုပ်စားကိုင်စားချင်တာပါပဲကွယ်။



တို့  လူမျိုးတွေကို သတ် တို့  လူမျိုးတွေကို မုဒိန်ကျင့် တို့ ရွာတွေကို မီးချို့  အခုတော့ ဘာမှ မသိခဲ့တဲ့ ငါ ဒုက္ခသည် ဖြစ်နေတာမင်းအမြင်ပဲလေ။

(သြော် မင်းတို့ မြို့ ပေါ်က လူတွေကို ပြောလိုက်စမ်းပါ ငါတို့  ပျင်းလို့ ဒုက္ခသည်လုပ်ံနေတာ မဟုတ်ဘူးလို့ )

ကျနော်ကတော့ ငယ်ငယ်ကလေးကတည်းက တိုက်တာခိုက်တာ ၀ါသနာပါတယ်ဗျ။ အဲ့ဒါကြောင့်ပဲ အသက်ငယ်ငယ်နဲ့ စစ်ထဲကို ၀င်ခဲ့တာပေါ့ဗျာ။ တကယ်တော့ဗျာ့  စစ်တပ်ဆိုတာကို စစ်ထဲဝင်ပြီး နောက်တနေ့မှာပဲ သိလိုက်ရတယ်။ ကျနော့် စစ်သက်တလျှောက် လုံးမှာ စစ်တိုက်ရတာ နည်းနည်းပါ။ တံတားခင်း လမ်းဖေါက်နဲ့ ပဲ အချိန်တွေ ကုန်နေတာ များပါတယ်။

လူကြီးတွေကတော့ပြောပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် စစ်တပ်ဆိုတာ ဖြစ်ပေါ်လာတာတဲ့။ ပြီးတော့ လွတ်လပ်ရေးဆိုတာ ကိုလည်း ဒို့ စစ်တပ်ကပဲ တိုက်ယူလာတာတဲ့။ ကျနော်ကတော့ ဘာမှ မသိပါဘူး။ ပညာမှမတတ်တာ။ ကျနော်သိတာကတော့ လမ်းဖေါက်တာရယ်။ တံတားခင်တာရယ်။ တပ်ရင်းမှုးအိမ်မှာ ရေ ခပ် ၊ ထင်းခွဲ ဒါပါပဲ။

ရှေ့ တန်းထွက်ရတဲ့ အခါဆိုရင်တော့ ကျနော် ပျော်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်တန်းမှာ နေရတာက သိပ်မသက်သာဘူးဗျ။ ရိုးရိုးရဲ ဘော် တယောက်အတွက်ပြောတာပါ။ အဖေ၊ အမေလာ။ ရှိတယ်လေ။ မတွေ့ တာတောင် တော်တော် ကြာပါပြီး။ ကြာပြီဆို စစ်ထဲကို ၀င်တုန်းကတည်းကပေါ့။ သူတို့ လည်း လာမတွေ့ ဘူး။ ကျနော်လည်း ခွင့်နဲ့ မပြန်ဖြစ်ဘူး ဖြစ်နေတယ်။

ကျနော်ဘာကြောင့် စစ်တပ်ကနေ ပြေးလာတာလဲဟုတ်လား။ ပြောရရင်တော့ ရီစရာဗျ။ ခင်ဗျာလည်း သိတဲ့အတိုင်းပဲလေ။ ရှေ့ တန်းကို ထွက်တော့မယ်ဆိုရင် ပစ္စည်းတွေကို ထမ်းဖို့  ပိုးဖို့ အတွက် လူလိုလာပြီး မဟုတ်လား။ ရှင်းရှင်ပြောရရင် ပေါ်တာပေါ့ဗျာ။ ရှေ့  တန်းထွက် လို့  ရပ်နားတဲ့နေရာတွေ အားလုံးမှာ တွေ့ တဲ့ ယောင်္ကျားတွေကို ဖမ်းလိုက်တာပဲ။ ဂျပန်ခေတ်က ချွေးတပ်ဆွဲသလို ပေါ့။ ကျနော်ကတော့ မလုပ်ချင်ပါဘူး။ လူကြီးတွေကပြောတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်သင့်တာကို လုပ်ရမှာပဲတဲ့။

ဝဋ်လည်တယ်ပဲ ပြောရမလား။ ကံကြမ္မာတပါတ်ပြန်လည်တယ် ပြောရမလားမသိပါဘူးဗျာ။ တရက်မှာ အခြားတပ်က ပေါ်တာဆွဲလာ တဲ့ထဲမှာ ကျနော့်အကို နဲ့ အဖေနဲ့ ပါလာတယ်။ အဲ့ဒီအချိန်မှာပဲ ကျနော့် ခေါင်း တခုလုံး ချာချာလည်သွားတယ်ဆိုပါတော့ဗျာ။ အဲ့ဒီလိုနဲ့ အထက်အရာရှိတွေကို ပြောပြပြီး အဖေနဲ့ အကိုကို လွတ်ပေးလိုက်ရတယ်။ သိပ်တောင်မယုံခြင်ပါဘူး။ တပ်ထဲမှာ က ဒီလိုမျိုးတွေက များတော့ သိတယ်မဟုတ်လား။ တပ်ကြပ်လောက်က ပိုက်ဆံ ရရင် သူနဲ့ အမျိုးတော်ပါတယ် ။ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ ပြန်စဉ်းစားမိတယ် တပ်မတော်သားတယောက်ဖြစ်ပါလျှက်နဲ့ ကိုယ့်မိသားစုကို ပြန်မစောင့်ရှောက်နိုင်ပါလားလို့ ။ လူဆိုတာကလည်း ခက်သလာဗျ။ ကိုယ့်ကို ထိမှ သိတာလေ။

ဒီလိုနဲ့ နောက်တလလောက်မှာ ကျနော်လည်း တပ်က ထွက်ပြေးပြီး ဒီဘက်ကို ရောက်လာတာပေါ့ဗျာ။ အခုချိန်မှာတော့ ကျနော်လည်း အစစ အရာရာကို နာလည်းနေပါပြီးဗျာ။ မြန်မာနိုင်ငံကြီး အမြန်ငြိမ်းချမ်းပါစေလို့  ဆုတောင်းနေမိတယ်။

1 comments:

LIN LET KYAL SIN said...

ခံစားချက်ကို လာဖတ်သွားတယ် ။ အတွေ့အကြုံတစ်ခုနဲ့ အမှန်တရားကို သိမြင်တဲ့အတွက် ကျေးဇူးပါ :)