လမင်းကြီးက ဒီညမှ သာနေတာလဲ
ကမ္ဘာမြေပေါ်မှာ
လူတယောက်
အလွမ်းသီချင်းတွေ သီဆိုနေတာ
မင်းမသိဘူးလား ။ ။
တိတ်တခိုး ချစ်ရတဲ့သူရေ
အချစ်ဆိုတာကို
စီးချင်းထိုးပြီးမှ ရမယ်ဆိုရင်
ငါ့အတွက်တော့
သူရဲကောင်းတယောက်လောက်
လိုအပ်တာအမှန်ပါ။ ။
ငယ်ငယ်ကတည်းက
ရာမမင်းသားကို မုန်းခဲ့ပေမယ့်
ဒဿဂီရိတော့ မဖြစ်ချင်တာ အမှန်ပါ။ ။
ဘယ်သူမှ မတားကြပေမယ့်
ချစ်တယ်ဆိုတဲ့ စကားကို
ပြောမထွက်ခဲ့ဘူး
ဒီလိုနဲ့ 
တိတ်တခိုး အကြည့်နဲ့
ကျေနပ်ခဲ့ရတဲ့ ရက်တွေလည်း
များခဲ့ပါပြီလေ။ ။
ချစ်တယ်လမင်းရယ်
ငါ့အိမ်မက်တွေတိုင်းကို
ငါ့ မနက်ဖြန်တွေတိုင်းကို
စိုးမိုးထားနေလိုက်တာများ
ငါ့ကိုယ်ငါတောင် မပိုင်တော့သလိုပဲ။ ။
အစွဲအလမ်း ကြီးသူအတွက်
ရင်မောစရာတွေက
များလွန်းပါတယ်ကွာ။ ။
0 comments:
Post a Comment