ကမ္ဘာကြီးရယ်
ငါတို့ ကိုလေ
လူလူချင်း စာနာတတ်တဲ့ လောကကြီးမှာ
တရက်လောက် လူဖြစ်ခွင့်ပေးပါ
ပြည်တွင်စစ်ကနှိပ်စက်
HIV / AIDS က နှိပ်စက်
ဆင်ရဲ မွဲတေမှုက နှိပ်စက်
နှိပ်စက်ချင်တိုင်း နှိပ်စက်ခံနေရတဲ့ဘ၀မှာ
ကိုယ့်ကိုကို မနှိပ်စက်မိအောင်
ထိမ်းသိမ်းနေရတယ်။ ။
ကမ္ဘာကြီးရယ်
ငါတို့ ကိုလေ
လမင်းထိန်ထိန်သာပြီး ကြယ်တွေစုံတဲ့ညမှာ
တညလောက် အိပ်စက်ခွင့်ပေးပါ
နူကလီယားနဲ့ အကြမ်းဖက်မှုတွေ
ဂလိုဘယ်ဝမ်းမင်း ကြောင့် ကပ်ဒုက္ခတွေ
သဘာဝဘေးတွေက နှိပ်စက်နဲ့
နှိပ်စက်ချင်တိုင်း နှိပ်စက်ခံနေရတဲ့ ဘ၀မှာ
ကိုယ့်ကိုယ်ကို မနှိပ်စက်မိအောင်
ထိမ်းသိမ်းနေရတယ်။ ။
ကမ္ဘာကြီးရယ်
ငါတို့ ထံပါး
တရက်လောက်များ
ငြိမ်းချမ်းရေ ချိုးငှက် စပါးနှံတခက်နဲ့ 
လွှတ်ပေးပါလား
ငါတို့  ဒါဏ်ရာတွေကို ထမ်းပိုးမထားချင်တော့ဘူး
1 comments:
အင်းနော်..အဲဒီလိုတောင်းတမူတွေကတော့ လူတိုင်းကိုယ်စီမှာရှိနေကြတယ်..
ဆုတောင်းသလိုတခါလောက်ပြည့်ချင်ပါသေးရဲ့..
Post a Comment