Saturday, November 10, 2007

အကြောက်ဆုံး

မနှင်းသဇင်က ကျနော်ကို ကြောက်တတ်တဲ့ အကောင်တွေအကြောင်းကို ရေးပေးဖို့  Tag လိုက်တော့ ကျနော်လည်း ငါ ဘာကြောက်တတ်သလဲဆိုတာကို စဉ်းစားခန်း ဖွင့်ရတော့တယ်။ ငယ်ငယ်ကလေးတည်က တောထဲ တောင်ထဲမှာ နေလာခဲ့တော့ တော်တော့်ကို စဉ်းစားယူနေရတယ်။

ပြီးတော့ ငါက ဒီအကောင်ကို ကြောက်တာလား မုန်းတာလားဆိုတာကိုလည်း ပြန်စဉ်းစားရင်နဲ့  အကောင်တွေ တော်တော်များများဟာ ပယ်ဖျက်တဲ့အထဲ ပါသွားတယ်။ ဥပမာ။ ခြင်။ ခြင်ဆိုတာက အကောင်သေးသေးလေးဆိုတော့ ကြောက်စရာမကောင်းဘူး။ သူ့ ကိုက မုန်းတာ။ သောက်မြင်ကပ်တာ။ ရွံတာ။

တကယ်တမ်းပြန်စဉ်းစားကြည်တော့လည်း လောကမှာ ကြောက်စရာ အကောင်းဆုံး သတ္တ၀ါ ဆိုတာ မရှိသလောက်ပါပဲ လူတိုင်းလူတိုင်း ကြောက်ပါတယ်ဆိုတဲ့ မြွေ တောင်မှ သူ့ နေရာနဲ့သူ အကျိုးပြုနေတာကို တွေ့ ရတယ်။ လယ်သမား တွေအတွက်တော့ မြွေဟာ ကြောက်စရာမဟုတ်ပါဘူး။ စပါးပေါ်ချိန်ရောက်ပြီးဆိုရင်တော့ လယ်သမားတွေအတွက် မြွေဟာ မိတ်ဆွေတဦးဖြစ်နေလို့ ပဲ။ လယ်ထဲမှာ ကြွက်တွေ မသောင်းကျန်အောင်လို့  မြွေက ကာကွယ်ပေးတယ်လေး။ အဲ့ ကျန်တဲ့အချိန်တွေမှာတော တောင်သူလယ်သမားတွေအတွက့် မြွေဟာ ကြောက်စရာကောင်းနေတယ်။ ပြီးတော့ မြွေဟာ သူ့ ကို မထိမခြင်း ဘာမှမလုပ်ဘူး။ သူ့ ကို ထိမှသာ လူကို အန္တရာယ်ပေးတာပါ။

အဲ့ ကျနော် ကြောက်တဲ့ တရိစ္ဆာန် နှစ်ကောင်တော့ရှိတယ်။ ပထမ အကောင်ကတော့ ကြွက်။ ကြွက်ဆိုတဲ့ အကောင်ဟာ ကြောက်စရာကောင်းတယ်။ အိမ်တအိမ်မှာ ကြွက်ကို ဘယ်လို ရှင်းရှင်း ရှင်းလို့ကို မရဘူး။ ခြင်းဆိုတာက ညဖက် ခြင်ထောင်ထောင်အိပ်ရင် ရတယ်။ ကြွက်က ညဖက်ဆိုရင် စသောင်းကျန်ပြီး ဟိုကိုက်ဒီကိုက်နဲ့ တော်တော်ကို စိတ်ညစ်စရာကောင်းတယ်။ ကျနော့် ဘ၀မှာ ဒီနေ့ အချိန်အထိ ကြွက်နဲ့ ရန်ဖြစ်နေရတုန်းပဲ။ သူ့ အတွက်နဲ့  စိတ်ညစ်ရတာလည်း နေ့  တိုင်းပါပဲ။

ဒုတိယ တရိစ္ဆာန်တကောင်ကတော့ အကောင်နဲနဲ ကြီးတယ်။ သူ့ ကိုက ကြောက်တာထက် ရွံတယ်။ မုန်းတယ်။ အော့နှလုံးနာတယ်။ ကြည့်ကို မကြည့်ခြင်ဘူး။ အဲ့ဒီ တရိစ္ဆာန်တွေရဲ့ မျက်နှာတွေက တလောကလုံးက လူတွေက သူတို့ လုပ်စာ ထိုင်စားနေတဲ့ မျက်နှာနဲ့ ။ ဘယ်သူ့ မှ လူမထင်ဘူးဆိုတဲ့ ရုပ်နဲ့ ( အဲ့မှားလို့  သူတို့ က လူမှ မဟုတ်တာ) ။ အဲ့ဒီ တရိစ္ဆာန်တွေက လူ့ လောကအတွက်လည်း ဘာမှ အကျိုးမပြုဘူး။ သူ တို့  တရိစ္ဆာန်အခြင်းခြင်းတော့ တော်တော်ကို အကျိုးပြုတယ်လို့တော့ပြောတာပါပဲ။ သူကတော့ တကိုယ်လုံးကို အစိမ်ရောင်ရှိတယ်လေ။ စာဖတ်သူပဲ ကိုယ့်ကိုကို စဉ်းစားကြည့်ပေတော့ ကျနော်ကတော့ ဖေါ်မပြတော့ပါဘူး။

တကယ်တော့ လူရယ်လို့  ဖြစ်လာကတည်းက ကြောက်စရာ အကောင်းဆုံးဆိုတာ မရှိတော့ပါဘူး။ တကယ်တော့ လူဆိုတာ မသိတာကို ကြောက်နေတာပါ။ တကယ်တမ်းသိအောင် ကျိုးစားကြည့်လိုက်ပါ။ ဘာမှ ကြောက်စရာ မကောင်းတော့ပါဘူး။ တကယ်တမ်း တော့ ကြောက်စရာ အကောင်းဆုံးကတော့ မသိခြင်းပါပဲ။



ကျနော်လည်း ကျနော့်သူငယ်ချင်း စိုင်းစိုင်းတယောက် ဘာကြောက်တတ်လည်း မသိဘူးနော်။ သိခြင်လိုက်တာ

ဟယ်ဟယ်။ လုပ်ပေးပါဦး စိုင်းစိုင်းရေ

0 comments: