Tuesday, November 6, 2007

မွေးရပ်မြေ အလွမ်း

ဆောင်းနှင်းဖွေးဖွေးလေး တောင်းတန်းများကြားမှာ အေးချမ်းလှတဲ့ ကျနော်တို့မြို့ ကလေးကို အလည်တခေါက်အ ရောက်လာပါလားလို့ -----

စိုင်းဆိုင်မောဝ် ရဲ့  သီချင်းလေးကို နားထောင်နေရင်းက အတိတ်ကို ပြန်လည်း ရောုက်ရှိသွားခဲ့မိတယ်ကွာ------

မြန်မာနိုင်ငံရဲ့တောင်ပေါ်မြို့ကလေးမှာ မွေးဖွားလာခဲ့တဲ့ ကျနော်အတွက်တော့ နှင်းတွေ ကျလာပြီး ဆိုရင်ပဲ မွေးရပ်မြေကို သတိတရ ရှိစမြဲပါပဲ။ အခုလို ဆောင်းတွင်မှာများဆိုရင် တောင်ပတ်လည်း ၀ိုင်းနေတဲ့ ကျနော်တို့ မြို့  ကလေးမှာ နှင်းတွေနှင်းတွေကျလိုက်ပုံများ တယောက်နှင့် တယောက် မမြင်နိုင်လောက် အောင်ပါပဲ။

ဆောင်းရောက်ပြီးဆိုလိုက်တာနဲ့ သူငယ်ချင်းတွေစုပြီး နံနက်ခင်းထထပြေခဲ့တာကိုလည်း သတိရမိတယ်။ ညဖက်ည ဖက်တွေမှာ စက်ဘီးလေတွေ ကိုယ်စီကိုငှ စီးပြီးတော့ မြို့ နံစေတီဘုရားရှေ့ မှာ လက်ဖက်ရည် ဆိုင်ထိုင်းရင်နဲ့ ခေတ်ပေါ်သီးချင်တွေကို နားထောင်ရတာလည်း အရသာတမျို့ ပါပဲ။ တခါတလေ လက်ဖက်ရည် မသောက် ချင်ရင်လည်း ရပ်ကွက်ထိပ်မှာ ဖွင့်ထာတဲ့ အကြော်ဆိုင်လေတွေမှာ သူငယ်ချင်းတစု အကြော်တပွဲ၊ ဆလပ်ရွက်တပွဲ နဲ့ ရေနွေးအ၀သောကရင်းက ဖြတ်သွားဖြတ်လာ ကောင်းမလေးတွေကို (ခေါ်တောကုလားအကြည့်နဲ)့ ငန်းနေခဲ့တာကိုလည်း အမှတ်ရနေမိတယ်။

တဖြည်းဖြည်နဲ့ တန်ဆောင်တိုင်းတောင် ရောက်တော့မှာပါလားဆိုတဲ့အသိကလည်း မွေးရပ်မြေကို ပိုပြီးလွမ်းစေ မိတာ အမှန်ပါ။

တန်းဆောင်တိုင်လရောက်ပြီးဆိုရင်ဖြင့် ကျနော်တို့လိုလူငယ်တွေအတွက်ကတော့ ပျော်မဆုံးနိုင်အောင် ပါပဲ။

တန်ဆောင်တိုင်လရောက်တိုင်း မီးပုးံပျံလွှတ်ပွဲ၊ ထင်းရူးတိုင်ထွန်းပွဲ တွေကို ရှမ်းပြည်နယ် တောင်ကြီးမြို့ နဲ့ ကျနော်တို့  မြို့ ကလေးမှာသာ အထင်အရှား ကျင်းပစမြဲ ပဲလေး။ ထင်းရူးတိုင်ကို ထင်းရူးသားများကို ခွဲချမ်းပြီးတော့ ၀ါးပိုးဝါးများဖြင့် ပတ်ပြီးလျှင် ၄င်းထင်းရူးတိုင်အား မိရှို့ ရာတွင် လှပစေရန်အ တွက် ထင်းရူးတိုင် အထဲတွင် မိမိကိုတိုင်ပြုလုပ်ထားသည့် ဗျောက်အိုးများ၊ မီးရှုးများထည့်ထားရပါသည်။

မှတ်ချက်။ ။ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တွင် နေဖူးသူတိုင်း လုပ်တတ်ပါသည်။

ထင်းရူးတိုင်ထွန်းပွဲကို တန်ဆောင်မုန်း လပြည်နေ့မှာ ကျင်းပစမြဲ ပါ၊ ရပ်ကွက်အလိုက် ထင်းရူးတိုင်တွေ လုပ်ပြီးတော့ တရပ်ကွက်နှင့် တရပ်ကွက် မီးပုံးပျံအလှပြိုင်ပွဲ၊ ဘုရားကားအလှပြိုင်ပွဲ။ ထင်းရူးတိုင်အလှ ပြိုင်ပွဲ နဲ့ ပြိုင်ပွဲမျိုးစုံ ကျင်းပကြပါတယ်။ ပြိုင်ပွဲဝင်မယ့် ရပ်ကွက်တိုင်းမှာ ဘုရားကား၊ မီးကြာခွက်။ မီးပုံပျံ။ ထင်းရူးတိုင်း နဲ့ အိုးစည်ဗုံမောင်းအဖွဲ့ လည်း ပါရပါတယ်။

ပြိုင်ပွဲဝင်မယ့်နေရာကို ထွက်ခွာဖို့ အတွက် ရှေ့ ဆုံးက အလှဆင်ထာတဲ့ ဘုရားကားက အရင်ထွက် ခွာရပါတယ်။ ဘုရားကားရဲ့ နောက်မှာ ရပ်ကွက်အတွင်းရှိ အပျိုများနဲ့ ကလေးများက မီးကြာခွက်များကို ကိုင်ဆောင်ကာ လမ်းဘေးတဖက်တချက်တွင် စီတန်လမ်းလျှောက်ပြီး လိုက်ရပါတယ်။ မီးကြာခွက် ရဲ့  နောက်မှာမှ ထင်းရူးတိုင် ကို ထမ်းလာခဲ့တဲ့ လူငယ်အဖွဲ့ က အိုးစည်းဗုံမောင်ကို တီးခတ်ကာ လိုက်ပါရ ပါတယ်။

လပြည့်နေ့ မရောက်ခင် သုံးလေးရက်အလိုကတည်းက ရပ်ကွက်အလိုက် ထင်းရူးတိုင်ကို လူငယ်တွေက ထမ်းပြီးတော့ မြို့ ထဲကို လှည့်လည်ပြီး နောက်ဆုံ မြို့ ကလေးရဲ့  ထပ်မှာရှိ တဲ့ မြို့ နံစေတီရှိရာကို သယ်ဆောင်သွားရပါတယ်။ လှည့်လည်ရာ လမ်းတလျှောက်မှာလည်း

မီးမီ ဘယ်သူ့ မီး ------ လောဓမ္မမီး လောဓမ္မမီး

လောဓမ္မမီးကို နိုင်ချင်ရင် ဆယ်နှစ်ဆယ်မို ကြိုးစားပါဦး ဆိုတာမျိုးကို အော်လိုအော်

အချို့ လူငယ်တွေကလည်း လမ်းဘေးမှာ ကြည့်ရှုအားပေးနေတဲ့ အပျို လေးတွေကို စောင်းမြောင်ပြီးတော့

အိမ်တွင်းပုန်းတဲ့ အပျိုတွေ ဘာဖြစ်တယ် ညာဖြစ်တယ် အော်လိုအော်ပေါ့

ရှမ်းအိုစည်းကလည်း မြိုင်မြိုင်ဆိုင်းဆိုင်းတည်ပြီး လူငယ်တွေက တလမ်းလုံးက ပြီးတော့ ပျော်ပါးစွာ

လိုက်ပါခဲ့ပါတယ်။

မြို့ ကလေးမှာ ဆယ်သုံးရပ်ကွက်တည်း ရှိတဲ့အတွက် တရက်ကို သုံးရပ်ကွက်နှုံးဖြင် အလှည့် ကျစနစ်နဲ့ လှည့်လည်ရပါတယ်။ လှည့်လည်ရာတွင်လည်း ဒီနေ့ ကျနော်တို့ရပ်ကွက်က အလှည့်ကျရင် ကျန်တဲ့ ရပ်ကွက်က လူတွေက လမ်းဘေးတဖက်တချက် ပလက်ဖေါင်တွေပေါ်ကနေပြီးတော အားပေးကြစမြဲပါ။

မြို့ ထဲအနှံ့  လှည့်လည်းပြသပြီး နောက်ဆုံး ပြိုင်ပွဲ ကျင်းပရာ နေရာကို ရောက်တယ်ဆိုရင်ပဲ ဘုရားကားနှင့် မီးကြာခွက်ကို ကိုင်ဆောင်ထာတဲ့ သူတွေက ဘုရားကို သုံးပါတ်ပတ်ကာ မီးပူစော်ပြီး ထင်းရူးတိုင် ထမ်းလာ သည့်လူငယ်များကို ထင်းရူးတိုင်းထောင်ရန်အတွက်၎င်း။ မီးပုံးပျံ လွတ်တင်ဖို့ အတွက်၎င်း ပြင်ဆင်စရာရှိ တာများကို ပြင်ဆင်ရပါတယ်။

ထင်းရူးတိုင်ကို စတင်ထွန်းညှိလိုက်တဲ့ အချိန်ကစပြီး ရပ်ကွက်ထဲလူငယ်။အပျို၊ အအို၊ လူကြီးများပါ မကျံ ရှမ်းအိုးစည်းနဲ့ အတူ ကကြရတာ ပျော်စရာပါပဲ။ မိမိတို့ လုပ်လိုက်တဲ့ ထင်းရူးတိုင်နဲ့  မီးပုံးပျံက အခြားရပ်ကွက်ထက် ပိုလှနေရင်တော့ မပြော ပါနဲ့တော့ ကလိုက်ပုံများ ကွေးလို့ဆိုတာမျိုးပဲ။

အနိုင်းအရှုံးကိုတော့ လပြည့်နေ့ ရောက်မှပဲ ကြေညာပါတယ်။

အဝေးတနေရာကို ရောက်နေပေမဲ့ တန်ဆောင်တိုင်ကို ရောက်တိုင် ကျနော်စိတ်ထဲမှာ ရှမ်းအိုစည်နဲ့အတူ ကနေစမြဲပါပဲ။ ကယားပြည်နဲ့ လွိုင်ကော်မြို့ မှာ မွေးတဲ့ကျနော့်အတွက်တော့ လွမ်းစရာတွေအများကြီးပါပဲ။

0 comments: