Tuesday, October 23, 2007

ပျဉ်းပမငုတ်တို


ဖုထစ်ရွတ်တွ၊ ငှက် လင်းတသို့ 

ပျဉ်းပငုတ်တို၊ သက်ကျားအိုသည်

ကုန်းမိုးထက်တွင် တစ်ပင်တည်း။


ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း

အဖေတက်လာ၊ အိုင်းအမာသို့

ကျယ်စွာဟက်ပက် ခြအိမ်ပျက်။


ကုန်းမိုကမ်းပါး၊ မြေပတ်ကြားတွင်

စစ်သားခမောက်၊ ပိန်ခြောက်ခြောက်လည်း

စစ်ရောက်စခန်း လက်ပြညွှန်း။


ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်

စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်

ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်

လေပြင်ခိုက်လျက်၊ မငိုက်ဦးခေါင်း

နွေသစ်လောင်းသော်

ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍

လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်

အသင်ယောင်္ကျားကောင်းတကား။


ဆရာကြီး မင်းသုဝဏ် ( ၁၁ ရက် ၁ လ ၁၉၄၉ ခုနှစ်က ရေးခဲ့တဲ့ ကဗျာလေးပါ)

ကျနော်ကြိုက်လွန်းလို့  သင့်ဘ၀ မဂ္ဂဇင်းထဲမနေ ပြန်လည် ကူးယူတင်ပြလိုက်ပါသည် ။

0 comments: