Sunday, August 26, 2007

ညီလာခံနှင့် ဆီဈေ:

မြန်မာနိုင်ငံဟာ အခုချိန်မှာ နိုင်ငံရေးအကြပ်အတည်းတခုထဲကို ရောက်နေပြီး ဖြစ်တယ်။ စစ်အစိုးရဟာ လက်ရှိ နောက်ဆုံးအချိန်ကျင်းပနေတဲ့ အမျိုးသားညီလာခံကို အပြီးသတ်နိုင်ဖို့ အတွက် ကြိုးစားနေပါတယ်။ ညီလာခံ ပြီးတာနှင့်တပြိုင်တည် စစ်အစိုးရအနေနဲ့  ညီလာခံက ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြည်သူ ရှေ့  မှောက်ကို ချပြရပြီး ပြည်သူဆန္ဒခံယူပွဲကို ကျင်းပရမှာ ဖြစ်ပါတယ်။
ကျနော့်အမြင်ကို ပြောရရင် စစ်အစိုးရဟာ ညီလာခံကို နောက်ဆုံးအပြီးသတ်လုပ်ဆောင်မယ်လို့  နိုင်ငံတကာကို ကြေငြာခဲ့ပြီးနောက်မှာ ထိုညီလာခံကို ပြီးအောင်လုပ်ဖိုအတွက် ၀န်မလေးနေပါတယ်။ ၄င်းထက် ညီလာခံပြီ့း ပြည်သူဆန္ဒကို ခံယူဖို့ အတွက် ၀န်လေးနေပါတယ်။ တကယ်တမ်း ပြည်သူ့  ဆန္ဒခံယူပွဲမှာ ပြည်သူလက်ခံနိုင်ပါ့မလားဆိုတဲ့ အချက်ကို စစ်အစိုးရ အနေနဲ့  ၀န်လေးနေပုံရပါတယ်။ နောက်တချက်က ပြည်သူ့ ဆန္ဒခံယူပွဲမှာ သူတို့ ဖွဲ့ စည်းထားတဲ့ ကြွံခိုင်ရေးအသင်း အောက်ခြေအဖွဲ့  ၀င်တွေနဲ့  အတိုက်ခံအင်အားစုတွေ ပူးပေါင်းသွားမလားဆိုတဲ့ သံသယတွေ ရှိနေပုံရပါတယ်။ တကယ် တမ်း သူတို့ ဖွဲ့ စည်းထားတဲ့ ကြံ့ခိုင်ရေးအဖွဲ့ ဆိုတာကလည်း အင်းအားဘယ်လောက်ပဲ တောင့်တင်း တယ်ပြောပြော လက်ရှိဖြစ်ပေါ်နေတဲ့ စိးပွားရေးအကြပ်အတည်းထဲမှာ ခံစားနေရတဲ့ ပြည်သူတွေ ပဲဖြစ်တယ် ဆိုတာကို သိနေပါတယ်။ စစ်အစိုးရအနေနဲ့  အတိုက်ခံအင်းအားစု (NlD ။ ကျောင်းသား။ ) နဲ့  ပြည်သူတွေ ပူးပေါင်းသွားမှာကို အကြောက်ဆုံးပါ။ အတိုက်ခံအင်းအားစု နဲ့ ပြည်သူပူးပေါင်းသွားတာနဲ့အမျှ ၄င်းတို့ ဖွဲ့  စည်းထားတဲ့ ကြွံခိုင်ရေးအဖွဲ့ ကလည်း ပူးပေါင်းလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ တွေ လည်း လက်ရှိစီးပွားရေးအကျပ်အတည်း အောက်မှာ ခံစားနေရတဲ့ ပြည်သူတွေ ဖြစ်နေလိုပါပဲ။ ထို့ ကြောင့် အကြောင်းမရှိအကြောင်းရှားပြီး ပြည်သူကို အသိပေးခြင်းမရှိပဲ ဆီးဈေးတွေကို ၅ဆအထိ မြှင့်တက် လိုက်ချင်းပဲ ဖြစ်ပါတယ်။ ဆီဈေးတွေ မြှင့်တက်လိုက်တာနဲ့ အမျှ အတိုက်ခံတွေဖက်က လှုပ်လှုပ်ရှားရှား ဖြစ်လာနိုင်တယ်ဆိုတာကို စစ်အစိုးရအနေနဲ့  ကြိုတင်တွက်ဆထားပြီးထားပါ၊ ဘာကြောင့်လဲဆိုတော့ ဆီဈေးတွေ မတက်ခင် တပါတ်လောက်အလိုမှာ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်ဘက်အခြမ်းမှာ စစ်တပ်တွေ အခိုင်အမာ နေရာယူထားတာကို တွေ့ ရပါတယ်၊ ပြည်တွင်းမှာ တခုခုဖြစ်ရင် နယ်စပ်က အဖွဲ့ အစည်းတွေ ပြည်တွင်းထဲကို ၀င်းမလာနိုင်အောင် ဟန့်တာဖို့ အတွက်ပြင်ဆင်ထားတာပါ။
စစ်အစိုးရအနေနဲ့ အမျိုးသားညီးလာခံပြီးတာနဲ့ အမျှ အတိုက်ခံအင်အားစုက လက်ခံသည် ဖြစ်စေ မခံသည် ဖြစ်စေ ဖွဲ့ စည်းပုံ အခြေခံဥပဒေအတိုင်း ဆက်လက်အုပ်ချုပ်သွားရမှာ ဖြစ်ပါတယ်၊။ ဒီမိုကရေစီ နည်းလမ်းတွေနဲ့ပေါ့ ။ အဲ့ဒီအချိန်မှာ ယခုလိုမျိုး တနိုင်ငံလုံးအတိုင်းအတာတခုအထိ စစ်တပ်က စိုးမိုးးရှယ် လှယ်ခွင့် ရတော့မှာ မဟုတ်ဘူး။ ဒါကြောင့် နှစ်ပေါင်း ၄၅ နှစ်လုံးလုံး အာရှင်စနစ်နဲ့ အုပ်ချုပ်လားခဲ့တဲ့ သူ တွေအတွက်ကတော့ ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စပါ။ စစ်အစိုးရအနေနဲ့  အမျိုးသားရေးအကျိုးထက် ၄င်းတို့  ရဲ့ အမျိုးအကျိုးကိုသား ကြည့်တဲ့အတွက်ဖြစ်ပါတယ်။ ညီလာခံအပြီး ပြည်သူ့ ဆန္ဒခံယူပွဲ ပြီးနောက် ပိုင်းမှာ ၄င်းတို့  ချုပ်ကိုင်ထားတဲ့ နေရာတော်တော်များများကို လက်လွတ်ရမှာ ကြောက်တဲ့အတွက်ရယ် ၊ ဖွဲ့ စည်းပုံအခြေခံဥပဒေအတိုင်း စစ်တပ်က ၂၅ ရာခိုင်နှုန်းသာ ပါတော့မယ့်အတွက်ကြောင့် စစ်တပ်အခန်း ကဏ္ဍ လျော့ နည်းသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ၄င်းတို့ ကျင်းပနေတဲ့ ညီလာခံကို အပြီးသတ်ချင်မှာ မဟုတ်ပါဘူး။ ထို့အတွက်ကြောင့် အကြောင်းမရှိအကြောင်းရှာပြီး ဆီဈေးတွေကို တက်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဆီဈေးတွေ တက်လိုက်တာနဲ့  တပြိုင်တည် အတိုက်ခံအင်းအာစုနဲ့  ပြည်သူတွေက လှုပ်လှုပ်ရှားရှား ဖြစ်လားမယ်။ ဒါကိုအကြောင်းပြပြီးတော့ လက်ရှိညီလာခံကို ရပ်ဆိုင်လိုက်ချင်တာလည်း ဖြစ်နိုင်ပါတယ်။ တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အတွက်ကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။
အထပ်ပါအချက် နှစ်ချက်ကို ကြည့်ချင်းအားဖြင့် စစ်အစိုးရလုပ်ရပ်တွေဟာ ဘာလည်းဆိုတာ ကိုတော့ လယ်ပြင်မှာ ဆင်သွားသလို ရှင်းရှင်းကြီး သိနိုင်ပါတယ်၊။
ယခုအချိန်အထိ ပြည်တွင်းမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်ဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီိး နှင့် ကိုထင်ကျော်တို့ကို ဖမ်းဆီးလိုက်ပြီးတဲ့အထိ ပြည်တွင်မှာ ဆက်လက်မငြိမ်းမသက် ဖြစ်နေဆဲပါ ။ ယခုအချိန်အထိ ပြည်သူတွေကိုယ်တိုင် မပါဝင်သေးတာကတော့ အတိုက်ခံတွေဘက်လည်း မသိနိုင်သလို၊ စစ်အစိုးရဖက်ကလည်း တထစ်ချ ယုံကြည်ဦးမှာတော့ မဟုတ်ပါဘူး။ ၈၈လို နောက်တကြိမ်း ထပ်ဖြစ်ဦးမှာလားဆိုတာကတော့--------

0 comments: