Wednesday, August 22, 2007
Subscribe to:
Post Comments (Atom)
Skin Design:
Free Blogger Skins
ကြာပွတ်ဖြင့် အရိုက်ခံရ ၍
ကျလာသေ သွေးစက်တိုင်းအတွက်
ဓါးဖြင့်တိုက်ခိုက်၍ ကျလာသော
သွေးစက်ဖြင့် လက်တုံ့ပြန်ဆပ်စေဟု
ဘုရားသခင်က ဆန္ဒရှိခဲ့မည် ဆိုပါမူ
ဘုရားသခင်၏ ဆုံးဖြတ်ချက်များ
မှန်ကန်ဖြောင့်မတ်ပါပေသည်။
အကယ် ၍
မင်းအသိုင်းအ၀ိုင်က
တုန်လှုပ်ခြောက်ခြာပြီး
ဒါတွေဟာ မင်းကြောင့်လို့ 
ဝိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ ခေါင်းအေးအေးနဲ့ 
ရင်ဆိုင်နိုင်မယ်ဆိုရင်။
အကယ် ၍
အားလုံးက မင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ ကို နားလည်စွာ ခွင့်လွတ်ရင်နဲ့ 
မင်းကိုယ်မင်း ယုံကြည်မှုအပြည့် ရှိမယ်ဆိုရင်
အကယ် ၍
စောင့်သင့်တဲ့အချိန်ကို စောင့်ပြီး
အဲ့ဒီအတွက်လည်း
မမောမပန်းနေနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင့်ရဲ့ အကြောင်း
မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ 
မတုန့် ပြန်ဘူးဆိုရင်
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေ ပြန်မပွားဘူးဆိုရင်
ပြီးတော့
မင်းကိုယ်မင်း
လူတော်တစ်ယောက်ရယ်လို့  မမြင်ပဲ
ပညာရှိစကားတွေကိုလည်း
မလွန်ဆန်ဘူးဆိုရင်
အကယ် ၍
စိတ်ကူးရင်အိမ်မက်တွေဟာ
မင်းအပေါ်မလွှမ်းမိုးစေပဲ
စိတ်ကူးနိုင်မယ်ဆိုရင်
ပြီးတော့
အတွေအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာမဖြစ်ပဲ
တွေးခေါ်နိုင်မယ်ဆိုရင်
အကယ် ၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံမှုဒုက္ခတွေကို
ကြုံတွေ့ ရတဲ့အခါ
တူညီသောလောကဓံတရားတွေပါလားရယ်လို့ 
ခံယူထားနိုင်မယ်ဆိုရင်
အကယ် ၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်လဲပြီး
မုသားအဖြစ် ထောင်ခြောက်ဆင်ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့  နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဘ၀တခုလုံးပေးပြီး အရိပ်တကြည့်ကြည့်နဲ့ 
ဖြည့်ဆည်းခဲ့ရတဲ့အရာရာကို
ဖျက်စီးခံလိုက်ရတဲ့နောက်မှာ
အင်မတန်မှ သေးငယ်လှတဲ့
တန်ဆာပလာအရာရာနဲ့ 
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်
အကယ် ၍
မင်းခံနိုင်သမျှအားလုံးဟာ
ကြွေတလက် က်ြတခုန်ပမာ
တလှည့်တခါတည်းနဲ့  ဆုံးရှုံးသွားခဲ့ရင်
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်
ပြီးတော့
ဆိုးလှတဲ့ ကြမ္မာရယ်လို့ 
ဘယ်သောအခါမှ ညဉ်ညူမနေဘူးဆိုရင်
အကယ် ၍
သူများတကာလုပ်ပြီးသွားကြလို့ 
အချိန်အတော်ကြာမှ
မင်းအလှည့် ရောက်တဲ့အခါ
မင်းတယောက်တည်းနဲ့ ပဲ
အားနဲ့  မာန်နဲ့  ဇွဲသတ္တိရှိရှိ
ဆက်ကြိုးစားနိုင်မယ်ဆိုရင်
အဲ့ဒီလိုပဲ
မင်းမှာ စိတ်အားကလွဲလို့ 
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲ့ဒီစိတ်ဓါတ်အားကို ခိုင်မာစွာနဲ့ ပဲ
ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်
အကယ် ၍
လူတွေနဲ့  ထိတွေ ပြောညဆို ဆက်ဆံတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းကရာဇ်တွေနဲ့ 
အတူလမ်းလျှောက်နေရပေမဲ့
မာန်မာန သွေးမကြွဘူးဆိုရင်
အကယ် ၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်နာကျည်းအောင် မလုပ်နိုင်စေရင်
အကယ် ၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလန်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင်
အကယ် ၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့
တမိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလျတဲ့ စက္ကန့် ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်
ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ 
အရာအရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲ့ဒီတော့ မင်းဟာလည်း
ယောင်္ကျားကောင်းတစ်ယောက်ပေါ့၊
0 comments:
Post a Comment